ရန်ကုန် - မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၇/၃နှင့် ၄ အကြား ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား

သံလမ်းဂုံးပိတ်၌ ရပ်ထားသောယာဉ်အား ဝင်တိုက်မိရာမှ ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား
ကျောက်တံခါး ဇန်န၀ါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန် - မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၇/၃နှင့် ၄ အကြား ရင်းတိုက်ကုန်းကျေးရွာ သံလမ်းဂုံးပိတ်အနီး၌ ဇန်န၀ါရီ ၁၃ရက် နံနက် ၁ နာရီက ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းထွန်းလင်း၂၇နှစ် စက်မှုဇုံလမ်း မန္တလေးမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ်4L/----HINO အမျိုးအစား၁၂ဘီးယာဉ်သည် ၎င်း၏ရှေ့လားရာတူမှ သံလမ်းဂုံးပိတ်၍ ရပ်ထားသော ယာဉ်မောင်းကျော်ကျော်လွင်၄၇နှစ်အောင်ဇေယျအမှတ်၂ရပ်ကွက်လယ်ဝေးမြို့နေသူမောင်းနှင်သောယာဉ်အမှတ်4D/----- HINO၆ဘီးအပြာရောင် ယာဉ်အား နောက်မှအရှိန်မထိန်းဘဲ ဝင်ရောက်တိုက်မိရာမှ တိုက်မိသည့် အရှိန်ဖြင့်4D/---- ၆ဘီးအဖြူရောင်ယာဉ်မှ ၎င်း၏ရှေ့၌ရပ်ထားသော ယာဉ်မောင်းထက်အောင်၂၉နှစ်ဘောလုံးကွင်း၅လမ်း ပဲခူးမြို့နေသူမောင်းနှင်သော ယာဉ်အမှတ်1M/---- CHENGLONG အမျိုးအစား ၆ဘီး အဖြူရောင်အား ထပ်ဆင့်တိုက်မိခဲ့သဖြင့် ယာဉ်သုံးစီးမှာ ရှေ့ဦးခေါင်းပိုင်းပိန်ချိုင့်ကြေမွပျက်စီးခဲ့ပြီးယာဉ်မောင်းထွန်းလင်းနှင့် ယာဉ်မောင်းကျော်ကျော်လွင်တို့မှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒုရဲအုပ်ခိုင်နွေဦးမှ စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်အား အရမ်းမဲ့ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ထွန်းလင်းအား အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန် - မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၇/၃နှင့် ၄ အကြား ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား ရန်ကုန် - မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၇/၃နှင့် ၄ အကြား ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.