ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဝန်ကြီးများနှင့် တွေ့ဆုံသည်ဆိုသော သတင်းမမှန်

 ပြည်ထောင်စု ဝန်ကြီးတွေကို အရေးပေါ် ခေါ်ယူတွေ့ဆုံခဲ့မှုမျိုး မရှိခဲ့ကြောင်း တာဝန်ရှိသူတွေပြော
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ၏နေပြည်တော်က နေအိမ်တွင် ဇန်နဝါရီလ ၁၄ ရက် တနင်္ဂနွေည ၇ နာရီ ဝန်းကျင်မှာ ပြည်ထောင်စုအဆင့် ဝန်ကြီး အားလုံးကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ဘီဘီစီက ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ခင်း အသံလွှင့် အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပါသည်။

သို့ပါသော်လည်း ယင်းတွေ့ဆုံမှုမျိုး မရှိခဲ့ပါဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်သွယ် အကြောင်းကြားလာပါသဖြင့် ထပ်မံစိစစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် မပြီးပြတ်သေးသည့် လုပ်ငန်း ကိစ္စများကို ဝန်ကြီးအချို့ နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဆွေးနွေးတတ်သော်လည်း ဇန်နဝါရီလ ၁၄ ရက်နေ့ညက ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့ဟု သိရှိရပါသည်။ ထို့ကြောင့် ဘီဘီစီမှ မှားယွင်းဖော်ပြခဲ့မှုဖြစ်ကြောင်း ပြင်ဆင် ဖော်ပြအပ်ပါသည်။

BBC Burmese
http://www.bbc.com/burmese
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဝန်ကြီးများနှင့် တွေ့ဆုံသည်ဆိုသော သတင်းမမှန် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဝန်ကြီးများနှင့် တွေ့ဆုံသည်ဆိုသော သတင်းမမှန် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.