ဒမတ်စကတ်အနီး သံသယဖြစ်ဖွယ် ရုရှားဂျက်လေယာဉ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံး


ဒမတ်စကတ် ၄ ဇန်န၀ါရီ

ဆီးရီးယားမြို့တော်အရှေ့ပိုင်းက သူပုန်အုပ်စုနေထိုင်ရာနေရာရှိ လူနေရပ်ကွက်တစ်ခုကို ဂျက်လေယာဉ်တွေက ကြာသပတေးနေ့မှာ ဗုံးကြဲချခဲ့ရာ အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ရတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့ပြီး ရုရှားလေယာဉ်တွေဖြစ်နိုင်တယ်လို့ သတ်မှတ်နေကြပါတယ်။

မစ္စရာဘာမြို့ အရှေ့ပိုင်းဂိုတာအရပ်ရှိ တိုက်ခန်းအဆောက်အအုံနှစ်ခုကို ဗုံးလေးလုံးထက်မနည်းကြဲချခဲ့ရာ တိုက်ခိုက်မှုအတွင်း လူပေါင်း၂၀ သေဆုံးခဲ့ပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးနဲ့ အရပ်ဖက်ကာကွယ်ရေး ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့အရင်းအမြစ်တွေက ဆိုပါတယ်။

ဒမတ်စကတ်အနီး ဂိုတာအရှေ့ပိုင်းက အခြားနေရာမှာလည်း လက်ကျန်သူပုန်တွေကို လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်ခဲ့တာ လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ စောင့်ကြည့်ရေးအဖွဲ့၊ ကူညီကယ်ဆယ်ရေးသမား တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့အပြောအရ မစ္စရာဘာလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၁၁ ဦးပါဝင်တယ်လို့ သိရပါတယ်။ရုရှားလေယာဉ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဒမတ်စကတ်အနီး သံသယဖြစ်ဖွယ် ရုရှားဂျက်လေယာဉ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံး ဒမတ်စကတ်အနီး သံသယဖြစ်ဖွယ် ရုရှားဂျက်လေယာဉ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံး Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.