သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၁၇

ဇန်နဝါရီလ ၁၆ ရက်နေ့ ၀၆၀၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့အထွက်အိုရီယမ်တယ်တိုးဂိတ်အနီး၌ ကျော်ထွန်း(ခ)အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာသည့်မော်တော်ယာဉ်မှ ဘိန်းဖြူဆပ်ပြာခွက် ၁,၁၃၉ ခွက်( ဘိန်းဖြူ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို)နှင့်စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကွမ်းလုံ-နမ့်စလပ်-သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးများပိုင်ရှင်ဖြစ်သည့် ရန်အယ်နှင့်ကူကျန်းလျှန်တို့အားဖမ်းဆီးရမိ၍ ကျော်ထွန်း(ခ)အိုက်ထွန်း(၃၁)နှစ်၊ စိုင်းလှကျော် (၄၅)နှစ်၊ ရန်အယ် (၂၅)နှစ်နှင့် ကူကျန်းလျှန်(၂၅)နှစ်တို့အား အမှုဖွင့်အရေးယူခဲ့ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့ ၀၈၄၅ အချိန် တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှတပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ လောက်ယောင်း၏ နေအိမ်ကိုစီးနင်းဝင်ရောက်ရှာဖွေရာ နေအိမ်၌လူတစ်ဦးမျှတွေ့ရှိခြင်းမရှိဘဲ နေအိမ်အတွင်း၌ စိတ်ကြွ ရူးသွပ်ဆေးပြားများထည့်ထားသည့်ဆာလာအိတ် ၁၀၀ အိတ်အတွင်းမှ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား သိန်း ၃၀၀ ပြား၊ အိုက်စ်များထည့်ထားသည့်ဆာလာအိတ် ၇၀ အိတ်အတွင်းမှ စုစုပေါင်း အိုက်စ် အလေးချိန် ၁၇၅၀ ကီလို၊ ဘိန်းဖြူဘလောက်တုံးများထည့်ထားသည့်ဆာလာအိတ်၂၀အိတ် အတွင်းမှ စုစုပေါင်း ဘိန်းဖြူ ဘလောက်တုံး ၁၃၆၀ တုံး (ဘိန်းဖြူ အလေးချိန် ၄၆၂ ဒသမ ၄ ကီလို)၊ ဘိန်းဖြူဆပ်ပြာခွက်များ ထည့်ထားသည့်ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၃၉ ဒသမ ၆ ကီလို) စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၅၀၂ ကီလို နှင့် ကဖင်းများ ထည့်ထားသည့်ဆာလာအိတ် ၁၀ အိတ်အတွင်းမှ စုစုပေါင်း ကဖင်း ၂၀၀ ကီလို( မူးယစ်ဆေးဝါး တန်ဖိုး ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော်) တို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ မူးယစ်ဆေးဝါးများပိုင်ရှင် လောက်ယောင်းအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.