![]() |
အီရန် အနှံ့အပြားက မြို့တွေမှာ ဆန္ဒပြပွဲတွေ ပိုတိုးပြီး ရှိလာ |
နိုင်ငံ အလယ်ပိုင်း နာဂျက်ဖ်ဖာဘတ်မြို့မှာ အမဲလိုက် ရိုင်ဖယ်သေနတ် ကိုင်ထားတဲ့ ( အီရန်ရဲ ပြောခွင့်ရရဲ့ အသုံးအနှုန်းအရ ဆိုရင်) ဆူပူသူ တစ်ယောက်ကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်၊ ကြာသပတေးနေ့က စလို့ အီရန်မှာ အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက် လာခဲ့တဲ့နောက် အစိုးရ လုံခြုံရေး ဝန်ထမ်း သေဆုံးတဲ့ ဖြစ်ရပ် စတင် ရှိလာလို့ ယူဆရပါတယ်။
အခုရဲ အမှုထမ်းနဲ့ပါ ဆိုရင် ၅ ရက်တာ ဆန္ဒပြပွဲတွေ အတွင်း သေဆုံးသူ အနည်းဆုံး ၁၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
နှစ်ဆန်း တစ်ရက်နေ့ မိုးချုပ်လာချိန်ထိ မြို့တော် တဟီရန် အပါအဝင် အီရန် အနှံ့အပြားက မြို့တွေမှာ ဆန္ဒပြပွဲတွေ ပိုတိုးပြီး ရှိလာ နေပါတယ်။
![]() |
အကြမ်းဖက်တာကိုတော့ ခွင့်မပြုနိုင် |
![]() |
သေဆုံးသူ အနည်းဆုံး ၁၃ ယောက် ရှိသွားပြီ |
အခြေခံစားကုန်တွေ ဈေးနှုန်းတက်လာတဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြကြ ရာကနေ နိုင်ငံတွင်း ကူးစက်လာတဲ့ အတွက် ဘာသာရေး ခေါင်းဆောင်တွေ နိုင်ငံကို အုပ်ချုပ်နေတဲ့ အပေါ် ဆန့်ကျင်လာတဲ့ အနေထားမျိုးထိ ရောက်လာခဲ့ပါတယ်။
အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီ ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံ တွေပါ ညံလာခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အီရန် ဆန္ဒပြပွဲတွေ တိုးမြင့် ဖြစ်ပေါ်လာ
Reviewed by THITHTOOLWIN
on
10:06
Rating:
