![]() |
ဝန်ကြီးဟောင်းရဲ့ ရဟတ်ယာဉ်မောင်း လုပ်ဖူးသူ အော်စကာ ပဲရက်ဇ် |
သွေးထွက်သံယို ဖြစ်ရပ်တွေနဲ့ အဆုံးသတ်သွား နိုင်ခဲ့ပြီလို့ ဗင်နီဇွဲလား အစိုးရက ကြေညာပါတယ်။
ရဲနှစ်ယောက် သေဆုံးခဲ့ရသလို၊ ဗင်နီဇွဲလား အာဏာပိုင်တွေက အကြမ်းဖက် သမားတွေလို့ ညွှန်းဆိုကြသူ တချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၅ ယောက်ကို လက်ရ အရှင်ဖမ်းမိခဲ့ပါတယ်။
![]() |
အစိုးရ အဆောက်အဦးတွေ ရှိရာဆီ လက်ပစ်ဗုံးတွေ ကြဲချ |
မြို့တော် ကာကတ်စ်ရဲ့ အပြင်ဘက်၊ အယ်လ်ဟွမ်ကီတို ဆိုတဲ့ မြို့ငယ်မှာ သူခိုအောင်းနေတဲ့ အိမ်ဘေး ပတ်ချာလည်ကို အစိုးရ တပ်ဖွဲ့တွေ ဝိုင်းထားခဲ့ပါတယ်။
![]() |
လူမှုကွန်ရက်ပေါ် သေနတ်ပစ် လေ့ကျင့်တဲ့ပုံ တင်ခဲ့ |
အော်စကာ ပဲရက်စ် သေဆုံးသွားလား၊ ရှင်လျက်ဖမ်းမိသလား ဆိုတာကို ဗင်နီဇွဲလား အာဏာပိုင်တွေ ထုတ်မပြောသေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
အော်စကာပဲရက်စ် သေသလား ရှင်သလား မသိရ
Reviewed by THITHTOOLWIN
on
03:49
Rating:
