ဝ တပ်ဖွဲ့ ကိုယ်ပိုင်ငွေကြေး ထုတ်ဝေသည် ဆိုခြင်းမှာ မှန်ကန်မှု မရှိ ဟုဆို

PHOTO – facebook တွင် ပျံ့ နှံ့နေသည့် ၀ တပ်ဖွဲ့ ကထုတ်ဝေသည်ဆိုသော ငွေစက္ကူ။
လားရှိုး၊ ဇန်န၀ါရီ ၅ ။

ဝ တပ်ဖွဲ့( UWSA ) က ကိုယ်ပိုင်ငွေကြေးထုတ်ဝေသည် ဆိုခြင်းမှာ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ UWSA ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရမ်း ယနေ့ ( ဇန်န၀ါရီလ ၅ရက်)နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

“ကောလာဟလ တွေပါ။ ဥက္ကဌ နာမည်တောင်မမှန်ဘူး။ ဘယ်သူ ရန်တိုက်ပေးနေပြန်လဲ မသိဘူး “ ဟု ၄င်းကပြောသည်။

ဝ တပ်ဖွဲ့( UWSA ) အနေဖြင့် ကိုယ်ပိုင်ငွေကြေးထုတ်ဝေရန်အစီ အစဉ် မရှိကြောင်းလည်း ဦးညီရမ်းကပြောသည်။

“ ကျွန်တော်တို့ ကိုယ်ပိုင်ငွေ ကြေးထုတ်ဝေဖို့ အစီ အစဉ်လည်းမရှိပါဘူး “ ဟု ၄င်းကပြောသည်။

ဝ တပ်ဖွဲ့( UWSA ) သည် အစိုးရ နှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးသည့်အဖွဲ့ဖြစ်သော်လည်း NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်) တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့ ဖြစ်သည်။

ဝ တပ်ဖွဲ့( UWSA ) သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စုပေါင်းထားသည့် FPNCC အဖွဲ့တွင် ဥက္ကဌတာဝန်ယူထားသည့်အဖွဲ့ဖြစ်သည်။

FPNCC တွင် AA(ရခိုင်တပ်) KIA( ကချင်) TNLA( တအာင်း၊ ပလောင်) MNDAA ( ကိုးကန့်) SSPP (ရှမ်းပြည်တိုးတက်ရေး) NDAA(မိုင်းလား) UWSA ( ၀) အဖွဲ့ တို့ပါဝင်သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ၀ တပ်ဖွဲ့က ၄င်းတို့ ထိန်းချုပ်ရာဒေသကို ကိုယ်ပိုင်ပြည်နယ်အဖြစ် ပြဌာန်း ပေး ရန် တောင်းဆိုဖူးသည်။

စိုင်းမင်း
The Asia Heart News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ