![]() |
ကာစီနို လောင်းကစားဝိုင်းတွေရှိတဲ့ မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းဘေးက အဆောက်အအုံတစ်ခုကို တွေ့ရစဉ်/ Photo: Myawaddy Complex / Facebook |
တရားမဝင်ဖွင့်ထားတဲ့ ကာစီနိုရုံတွေ၊ ဇာတ်ပွဲတွေကြောင့် မြို့ခံတွေ အကျင့်စာရိတ္တပျက်စေတဲ့အတွက် ပိတ်ပေးဖို့ နယ်လုံကို စာတင်တာလို့ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးသန့်ဇင်ကပြောပါတယ်။
မြဝတီမြို့မှာ ၂၄ နာရီဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေနဲ့ အာဝါဒေးဇာတ်ပွဲတွေကြောင့် အတန်းတင်စာမေးပွဲဖြေ ဆိုကြမယ့် ကျောင်းသားတွေ စာကျက်မရဘဲ အနှောက်အယှက်ဖြစ်နေပြီး မြို့အတွင်း ဒုစရိုက်မှုတွေများလာတာယ်လို့ တောင်းဆိုတဲ့စာမှာ ပါရှိပါတယ်။
မနေ့ကညနေပိုင်းက မြို့စည်ပင်ဥက္ကဌ၊ မြို့မိမြို့ဖ၊လွှတ်တော်ကိုယ်စားလှယ်တွေ၊နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့တွေ မြဝတီမြို့ အာဇာနည်ပန်းခြံခန်းမမှာတွေ့ဆုံပြီး မြို့ပေါ်က လောင်းကစားရုံတွေ ပိတ်ပေးဖို့ကိစ္စကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အလားတူ အရပ်ဖက်အဖွဲ့တွေ၊ တတ်ကြွလှုပ်ရှားသူတွေ၊ မြို့သူမြို့သားတွေကလည်း ဆွေးနွေးတိုင်ပင်ကာ မြဝတီမြို့အတွင်း လောင်းကစားရုံတွေ ရာသက်ပန်ပိတ်သိမ်းပေးဖို့ လာမယ့် တနင်္ဂနွေနေ့မှာ ဆန္ဒပြတောင်းဆို သွားမယ်လို့ သိရပါတယ်။
ဒီလောင်းကစားရုံတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပက်သက်မှုတွေရှိတာကြောင့် အရေးယူမှု အပိုင်းတွေမရှိဘူး လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြဝတီက လောင်းကစားရုံတွေ ရှင်းလင်းပေးဖို့ မြို့ခံတွေတောင်းဆို
Reviewed by THITHTOOLWIN
on
17:47
Rating:
