မန္တလေး ဇန်နဝါရီ ၎
မန္တလေးမြို့ မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသော အပြေးသမားတစ်ဦးအား ကားတစ်စီးမှ ဝင်ရောက်တိုက်မိမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်း၊ ငုရွှေဝါလမ်းနှင့် သရဖီလမ်းကြားတွင် ၆၈ လမ်းအတိုင်း တောင်မှမြောက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော Honda Fit ကားသည် အရှိန်မထိန်းနိုင်ပဲ မာရသွန်ပြေးနေသော အပြေးသမားအား ဝင်ရောက်တိုက်မိခဲ့သည်။
နှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် မြို့တော်ဝန်မီနီမာရသွန်ပွဲမှာ ပြိုင်ပွဲဝင်နေသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားအား ဝင်တိုက်မိခဲ့ခြင်းကြောင့် ပွန်းပဲ့ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသနေသည်ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူအား အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲဝင်နေသည့် အားကစားသမားတစ်ဦးအား ကားတစ်စီးမှ ဝင်တိုက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:57
Rating:
