မင်းဘူးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာက မသင်္ကာဖွယ်ဘင်္ဂါလီများ ဖမ်းမိ


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ၊ ဇန်နဝါရီ(၁၈)ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားမှုကနေ မသင်္ကာဖွယ် ဘဂါင်္လီ (၁၁)ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ(၁၈)ရက် မနက်(၄)နာရီခွဲက မင်းဘူးမြို့၊ ဆားပွက်ချောင်းတံတားအနီးမှာ မကွေးမြို့က ထွက်ခွာလာတဲ့ Hyundai အမျိုးအစား အဖြူရောင် အားမာန်သစ် မော်တော်ယာဉ် လိုင်းကားနဲ့ အခြားအိမ်စီးကားတစ်စီးတို့ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ဘင်္ဂါလီ(၁၁)ဦးက ကားမာန်သစ်လိုင်းကားပေါ်က ဆင်းပြေးတာဖြစ်တယ်လို့ သိရပါတယ်။

 ဘင်္ဂါလီ(၁၁)ဦးဟာ ဆားပွက်ချောင်းတံတားအနီး၊ ကိုင်းတောထဲကို ၀င်ရောက်ထွက်ပြေး သွားတာကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်နေပြည်သူတွေက ၀ိုင်းဝန်းရှာဖွေဖမ်းဆီးရာ မနက်(၈)နာရီ အချိန်မှာ ကိုင်းတောထဲမှာပုန်းခိုနေတဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းဘူးမြို့နယ်ရဲစခန်းက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ(၁၇)ရက်ကတည်းက မင်းဘူးမြို့ရှိ ယာခင်းတစ်ခုထဲမှာ ဘင်္ဂါလီတွေ ရောက်ရှိပုန်းအောင်းနေတယ်လို့ ရပ်ကွက်တွေထဲမှာ သတင်းပျံ့နှံ့နေတာကြောင့် ပြည်သူတွေလိုက်လံရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘဲ အခုယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို မျိုးမင်းဦး(မကွေး) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မင်းဘူးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာက မသင်္ကာဖွယ်ဘင်္ဂါလီများ ဖမ်းမိ မင်းဘူးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာက မသင်္ကာဖွယ်ဘင်္ဂါလီများ ဖမ်းမိ Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.