နိရဉ္စရာ၊ ဇန်န၀ါရီ ၁၆
ရခိုင်လူငယ် စာရေးဆရာ ဝေဟင်အောင် ယနေ့ညနေပိုင်းက စစ်တွေမြို့ရှိ သူ၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။
“စစ်တွေမြို့နယ် ရဲမှူးနဲ့ ရဲအုပ်အေးခင်မောင်တို့လာပြီးတော့ ဝေဟင်အောင်နေတဲ့ အိမ်က လာခေါ်သွားတာပါ။ အခု လောလောဆယ် စစ်တွေ ခရိုင်ရုံးမှာရှိနေပြီးတော့ ရသေ့တောင်ကို ပို့မှာပါ။ နိုင်ငံတော် အကြည်အညို ပျက်စေမှု ၅၀၅ လို့ ကြားပါတယ်”ဟု ကိုဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ကိုဝေဟင်အောင်သည် ဇန်န၀ါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ဒေါက်တာအေးမောင်နှင့်အတူ ရသေ့တောင်မြို့တွင် စာပေဟောပြောပွဲပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ညနေ ၅ နာရီ ၄၅ မိနစ်က ခေါ်သွားတာပါ။ အထက်လူကြီးက တွေ့ချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်”ဟု ဦးသိန်းဝင်းကပြောသည်။
ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် လောလောဆယ်တွင် မည်သို့မျှ ဝေဖန်မပြောကြားလိုသေးကြောင်း၊ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း၊ ယခု ကိုဝေဟင်အောင်ကို စစ်တွေခရိုင်ရဲရုံးတွင် သူကိုယ်တိုင်သွားတွေ့နေသည်ဟု ၄င်းကပြောသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရခိုင်စာရေးဆရာ ဝေဟင်အောင် စစ်တွေတွင် ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
20:46
Rating:
