ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


ဇန်နဝါရီ(၂၅)

ရန်ကုန်တိုငိးဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၇)ရပ်ကွက်
ရတနာအိမ်ရာ (B)ရှိ အိမ်အမှတ်(၈၇)တွင် ဇန်နဝါရီ(၂၅)ရက် မွန်းလွဲ(၁း၁၅)နာရီ ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါနေအိမ်မှာ RC သုံးထပ်အဆောက်အဦးဖြစ်ပြီး မီးလောင်ကျွမ်းချိန်တွင် အစောင့်တစ်
ဦးသာရှိနေပြီး ပိုင်ရှင်မှာ ဦးဝင်းမောင်ဖြစ်ကြောင်သိရှိရကာ မီးတိတ်ခွေအမျိုးမျိုးနှင့် အခြားပစ္စည်းများ သိုလှောင်သည့် အဆောက်အဦဖြစ်ကြောင်း သိရှိရသည်။

မီးလောင်ကျွန်းချိန်နှင့် တပြေးညီ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ခရိုင်နှင့်တိုင်း မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ(၂းဝဝ)နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ကိုရန်ပိုင်ထွန်း ဒါဏ်ရာအနည်းငယ် ရရှိခဲ့သည်။

မီးလောင်မှုဖြစ်စဉ်သို့ မြို့နယ် ခရိုင်/တိုင်းမှ မီးငြိမ်းသတ်ယာဉ်(၃၀)စီး အထောက်အကူပြု
ရေသယ်ယာဉ်(၁၁)စီး အုပ်ချုပ်မှုယာဉ်(၇)စီးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အား Lavel(2)ဖြစ်ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုမှာ လျှပ်စစ်ဝိုင်ယာ အပူလွန် ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦး သတင်းရရှိပြီး ဆုံးရှုံးမှုတန်ဘိုးမှာ သိုလှောင်ပစ္စည်းနှင့် အဆောက်အဦး နှစ်ရပ်ပေါင်း ကျပ်
သိန်း(၂၆၀)ခန့် ဖြစ်ကြောင်းသိရှိရသည်။

သတင်း-ကိုကြီးစိုး(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.