နတ်မြစ်အတွင်း လောင်းလှေ ၁ စီးအား စစ်ဆေးစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ဖမ်းဆီးရမိ


ဇန်နဝါရီ ၅ ၊ ၂၀၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖာလောင်ခါလီကျေးရွာမှတစ်ဆင့် တောင်ပြိုလက်ဝဲ ထိုမှတစ်ဆင့် သဲချောင်း မော်လဝီကျေးရွာနှင့် လိပ်ရမြောက်ရွာဘက်သို့ အကြမ်းဖက်သမား ၂၀၀ ဦးခန့်သည် ရေလမ်းကြောင်းဖြင့် ချောင်းဝမှတစ်ဆင့် ဝင်ရောက်လာသည်ဟု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂ ရက်နေ့ တွင် မောင်တောဒေသအတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ် ဇန်နဝါရီ ၂ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်တွင် လိပ်ရမြောက်ရွာနှင့် သဲချောင်း မော်လဝီ ရွာကြားတံတား နတ်မြစ်ဘက်မှ သဲချောင်းအတိုင်း မသင်္ကာဖွယ် လောင်းလှေ ၁ စီး ဝင်လာသည် ကို တွေ့ရှိသဖြင့် ဓာတ်မီးဖြင့်ထိုး၍ ဟန့်တားခဲ့ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းရာ လှေပေါ်တွင် လိုက်ပါလာ သော အမျိုးသား ၂ ဦး အနက် ၁ ဦးမှာ နတ်မြစ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ လောင်းလှေပေါ်ပါသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္ကနာပ်ဖ့်မြို့ ၊ ကူနာပါရာရွာနေ ဒူဖိုက်(၂၃)နှစ် အား ဖမ်းဆီးရမိပြီး နတ်မြစ်အတွင်း ထွက်ပြေးသွားသူအား ခြောက်လှန့်ပစ်ခတ်ရာ ထိမှန်၍ အသေဖမ်းဆီးရမိခြဲ့ပီး ၎င်းမှာ မောင်တောမြို့နယ်၊ လိပ်ရတောင်ရွာနေ ကာလာဟူဆိန် (၃၅)နှစ် ဖြစ်ကြောင်း နှင့် လောင်းလှေပေါ်မှ သံလှံချွန် ၁ ချောင်း၊ ဓားအရှည် ၁ ချောင်းတို့အား သိမ်းဆည်း ရမိခဲ့သည်။

သေဆုံးသူ ကာလာဟူဆိန်(၃၅)နှစ် ၏ ရုပ်အလောင်းအား ဇန်နဝါရီ ၃ ရက် (ယနေ့) တွင် မောင်တော ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖမ်းဆီးရမိသူ ဒူဖိုက်(၂၃)နှစ် အား ကြိမ်ချောင်းနယ်မြေရဲစခန်း၌ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Information Committee
https://www.facebook.com/InfomationCommittee/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ