တရုတ်နိုင်ငံသားတစ်ဦး ဒိုင်လုပ်ပြီးဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းလောင်း ကစားအဖွဲ့အား လောင်းကစားသူများနှင့်အတူ မြစ်ကြီးနားမြို့တွင် ဖမ်းဆီး


မြစ်ကြီးနား - ဇန်နဝါရီ ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် နယ်မြေ ၆ တွင် ဇန်နဝါရီ ၂ ရက် မွန်းလွဲ၂နာရီက တရုပ်နိုင်ငံသားတစ်ဦးမှ ဒိုင်လုပ်ကာ ဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းလောင်းကစားအဖွဲ့အား လောင်းကစားသူများနှင့်အတူ ဖမ်းဆီးရမိကြောင်း နယ်မြေရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ပြည်နယ်မှုခင်းအကူဌာနမှ ရဲအုပ်ထွန်းလှိုင်၊ရဲအုပ်ကျော် ကိုကိုဝင်း၊ရဲအုပ်အောင်ကျော်ဦးနှင့် တပ်ဖွဲ့ဝင်များသည် အောင်နန်းရပ်ကွက်မှ တာဝန်ရှိသူများနှင့်အတူ အောင်နန်းရပ်ကွက်၊နယ်မြေ ၆၊အိမ်အမှတ် ၁၄၈ တွင် တရုပ်နိုင်ငံသား Mr Zhang Wen Win ဒိုင်လုပ်၍ဖွင့်လှစ်ထားသည့် တရားမဝင်ငါးမန်းလောင်းကစားဂိမ်းရုံအား ဝင်ရောက်စစ်ဆေးရှာဖွေရာ ငါးမန်းလောင်းကစားအလုပ်သမား မအိစန္ဒာစိုး၊မစန္ဒာထွန်း(ခ)စန္ဒာတို့နှင့်အတူ လာရောက်လောင်းကစားသူ ဦးမောင်မောင်နိုင်၊ဦးတင်စိုး၊ဦးမျိုးမြင့်၊မောင်နိုင်၊ရဲအောင်ထွန်း၊ရဲဇော်၊ကျော်စွာ၊အောင်အောင်၊ထူးအောင်ကျော်၊ဗိုလ်သိန်း၊ဦးအုန်းသန်းတို့အား လောင်းကစားနေစဉ်တွေ့ရှိရပြီး သက်သေများနှင့်အတူရှာဖွေရာ ငါးမန်းဂိမ်းလောင်းကစားရာတွင်အသုံးပြုသည့် နဂါးရုပ်ပါ ကွန်ပြူတာငါးမန်းဂိမ်းစက် ၄ လုံး၊TBSHIELD-50Hz အဝါရောင်ဒိုင်နမိုနှင့်တွဲလျက် မီးစက် ၁ လုံး၊မော်တော်ဆိုင်ကယ်မျိုးစုံ ၁၄ စီးနှင့်ဆိုင်ကယ်အပ်နှံရာတွင် အသုံးပြုသည့် အစိမ်းရောင်ကတ် ၆၆ ခု၊လက်ကိုင်ဖုန်းမျိုးစုံ ၁၂ လုံး၊ငါးမန်းဂိမ်းလောင်းကစားရာတွင်အသုံးပြုသည့် ငွေဖြည့်ကတ် ၃ ခု၊CCTV အောက်စက် ၁ စုံအပါအဝင် သက်သေခံပစ္စည်း ၂၉ မျိုးနှင့် လောင်းကြေးငွေ စုစုပေါင်း ၆၅၃၅၀၀ ကျပ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးမန်းဂိမ်းလောင်းကစားဒိုင်ဖွင့်လှစ်သူ တရုပ်နိုင်ငံသား Mr Zhang Wen Win၊အလုပ်သမား ၂ ဦးအပါအဝင် လောင်းကစားသူ ၁၄ ဦးအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် လောင်းကစားပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရုတ်နိုင်ငံသားတစ်ဦး ဒိုင်လုပ်ပြီးဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းလောင်း ကစားအဖွဲ့အား လောင်းကစားသူများနှင့်အတူ မြစ်ကြီးနားမြို့တွင် ဖမ်းဆီး တရုတ်နိုင်ငံသားတစ်ဦး ဒိုင်လုပ်ပြီးဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းလောင်း ကစားအဖွဲ့အား လောင်းကစားသူများနှင့်အတူ မြစ်ကြီးနားမြို့တွင် ဖမ်းဆီး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.