တရုတ် ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီ နာမည်ပျက်စာရင်းသွင်းခံရ


တရုတ်အစိုးရကျောထောက်နောက်ခံ ရထားတဲ့ CHEC- China Harbour Engineering ဆောက်လုပ်ရေးထိပ်တန်းကုမ္ပဏီဟာ အထက်တန်းအစိုးရတာဝန်ရှိသူတဦးကို လာဘ်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းပြီး လုပ်ငန်းပါရပ်ဆိုင်းလိုက်ပါတယ်။

ဒက္ကားမြို့တော်ကနေ နိုင်ငံအရှေ့မြောက်ပိုင်းက Sylhet မြို့ကိုဆက်သွယ်တဲ့ အဝေးပြေးလမ်းမ တိုးချဲ့ဖို့ တရုတ်ကုမ္ပဏီဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးပါတယ်။

ဒါပေမဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထိပ်တန်းတာဝန်ရှိသူတဦးကို အမေရိကန်ဒေါ်လာ ၆ သောင်းပေးဖို့ ကုမ္ပဏီက ကမ်းလှမ်းပြီးတဲ့နောက် ဒီ CHEC နဲ့ ဆက်မလုပ်ကိုင်တော့ဘဲ တရုတ်ကုမ္ပဏီကိုလည်း နာမည်ပျက်စာရင်းသွင်းလိုက်ပြီလို့ ဘဏ္ဍာရေးဝန်ကြီးက အတည်ပြု ပြော ကြားပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကတော့ နာမည်ပျက် စာရင်းသွင်းပြီး လုပ်ငန်း ရပ်ဆိုင်းလိုက်တာကိုပြောပေမဲ့ ကုမ္ပဏီနာမည်ကိုရော ဘာစီမံချက်လုပ်နေတယ်ဆိုတာကိုပါ မပြောပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ် ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီ နာမည်ပျက်စာရင်းသွင်းခံရ တရုတ် ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီ နာမည်ပျက်စာရင်းသွင်းခံရ Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.