ဦးရောဘတ်စန်းအောင်နဲ့ အင်းစိန်အောင်စိုးတို့ကို ပုဒ်မ ၈(စ)နဲ့ တရားစွဲမယ်လို့ အောင်ဝင်းဇော်ပြော


ဦးကိုနီအသတ်ခံရတဲ့အမှုမှာ ဖမ်းဆီးခံထားရတဲ့ ဦးအောင်ဝင်းဇော်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ အင်းစိန်အောင်စိုးတို့ကို ပုဒ်မ ၈(စ) နဲ့ တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။ သူတို့မပြောခဲ့တဲ့ စကားတွေကို ပြောတယ်ဆိုပြီး ပြန်လည်ပြောကြားခဲ့တဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီလ (၁၉)ရက် ဒီနေ့ မြောက်ပိုင်းခရိုင်ရုံးချိန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ရုံးချိန်းပြန်အထွက်မှာ ဖမ်းဆီးခံထားရသူတွေ မပြောခဲ့တဲ့စကားကို ပြောကြားခဲ့တဲ့အတွက် စွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ ပုဒ်မ ၈(စ)ဟာ နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာဆိုင်ရာ ကိစ္စတွေမှာ အဓမ္မ၀င်ရောက်စွက်ဖက်ခြင်း (သို့မဟုတ်) လူတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း (သို့မဟုတ်) ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုရင်တော့ ထောင်ဒဏ်(၆)လကနေ ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ငွေကျပ် (၃)သိန်းကနေ (၁၅)သိန်းအထိလည်း ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။

သတင်း - ပြည်ဟိန်းသော် (5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
ဦးရောဘတ်စန်းအောင်နဲ့ အင်းစိန်အောင်စိုးတို့ကို ပုဒ်မ ၈(စ)နဲ့ တရားစွဲမယ်လို့ အောင်ဝင်းဇော်ပြော ဦးရောဘတ်စန်းအောင်နဲ့ အင်းစိန်အောင်စိုးတို့ကို ပုဒ်မ ၈(စ)နဲ့ တရားစွဲမယ်လို့ အောင်ဝင်းဇော်ပြော Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.