အမျိုးသားနဲ့အမျိုးသမီးကြား သာတူညီမျှမှု မရှိလို့ ရာထူးကနုတ်ထွက်

ဘီဘီစီ ရဲ့ တရုတ်ပြည် ဆိုင်ရာအယ်ဒီတာ အဖြစ်က နုတ်ထွက်ပြီး လန်ဒန် ဘီဘီစီရုံးက နေရာဟောင်းကို ပြန်လာတဲ့ ကယ်ရီ ဂရေစီ
ဘီဘီစီ သတင်းဌာန ရဲ့ တရုတ်နိုင်ငံဆိုင်ရာ အယ်ဒီတာ ကယ်ရီ ဂရေစီဟာ သူ့အဆိုအရ တရားမျှတယ်လို့ မဆိုနိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးဝန်ထမ်းကြား လစာကွာဟမှုကို ဝေဖန်ပြီး ရာထူးက နုတ်ထွက်သွားပါတယ်။

သာတူညီမျှမှုရှိရေး ဆိုင်ရာ ဥပဒေ ၊ မျှတပြီး ပွင့်လင်း မြင်သာမှု ရှိတဲ့ လစာ နဲ့ ခံစားခွင့်ပေးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဘီဘီစီက ချိုးဖောက်ခဲ့တယ်လို့ မစ္စဂရေစီရဲ့ အိတ်ဖွင့်ပေးစာမှာ စွပ်စွဲ ပြောကြားထားပါတယ်။

ဘီဘီစီရဲ့ နာမယ်ကြီးဝန်ထမ်းသုံးပုံနှစ်ပုံဟာ အမျိုးသားတွေ ဖြစ်ပြီး သူတို့ဟာ တနှစ်ကို ဒေါ်လာနှစ်သိန်း လခ ရတဲ့ ကိစ္စမနှစ်တုန်းက လူသိရှင်ကြား ထွက်ပေါ်လာခဲ့ပြီးနောက် ဘီဘီစီမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။

ဘီဘီစီ ကတော့ သူတို့အနေနဲ့ အမျိုးသမီးတွေ အပေါ် စနစ်တကျ အကွက်ချပြီး ခွဲခြား ဆက်ဆံမှု မရှိဘူးလို့ ဆိုပါတယ်။

လန်ဒန်မှာ ရှိတဲ့ ဘီဘီစီ ရုံးမှာဘဲ သူ့ရာထူးဟောင်းကို ပြန်လည်ထမ်းဆောင်တော့မယ်လို့ မစ္စဂရေစီက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမျိုးသားနဲ့အမျိုးသမီးကြား သာတူညီမျှမှု မရှိလို့ ရာထူးကနုတ်ထွက် အမျိုးသားနဲ့အမျိုးသမီးကြား သာတူညီမျှမှု မရှိလို့ ရာထူးကနုတ်ထွက် Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.