ယခင်ရည်းစားဟောင်း အကြောင်းပြောရာမှ လင်မယားရန်ဖြစ်၍ ခင်ပွန်းကဓားဖြင့် ခုတ်သတ်


နတ်တလင်း - ဇန်နဝါရီ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် လှေကြပ်ကုန်းအုပ်စု လှေကြပ်ကုန်းရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဇန်နဝါရီ ၃ရက်နေ့ ညနေ ၃နာရီခန့် အချိန် ဦးမြင့်စိုး ၅၁နှစ် ကြာကံကျေးရွာ လှေကြပ်ကုန်းအုပ်စုနေသူသည် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲသို့ရောက်ရှိနေစဉ် သမီးဖြစ်သူမအေးအေးနိုင်အား သားမက်ဖြစ်သူနေလင်းဦးက ဓားဖြင့်ခုတ်၍သေဆုံးသွားကြောင်း ကြားသိရသည်။

သမီးဖြစ်သူသေဆုံးကြောင်း ဇော်လတ်၂၆နှစ် ရွာမကျေးရွာ လှေကြပ်ကုန်းအုပ်စုနေသူမှ လာရောက်ပြောပြသိရသဖြင့် သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူမှာ ရွာမကျေးရွာ ဦးသံချောင်း၏နေအိမ်ပေါ်တွင် ယာဘက်နားထင်မှ ပါးအထိပြတ်ရှဒါဏ်ရာတစ်ချက် ယာလက်ဖမိုးမှ ပြတ်ရှဒါဏ်ရာနှစ်ချက် ယာဘက်ဂျိုစောင်းတွင် ဒါဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသည်။

သမီးနှင့်သားမက်မှာ လွန်ခဲ့သော(၃)ခန့်က အိမ်ထောင်ကျခဲ့ပြီး ပေါင်းသင်းနေထိုင်ရာမှ ယခင်အိမ်ထောင် မပြုမီ အချိန်က ချစ်ကြိုက်ခဲ့သော ရည်းစားဟောင်းအကြောင်းကို တစ်ဦးနှင့်တစ်ဦးအပြန်အလှန် စကားနိုင်လုပြောဆိုကြရာက သားမက်ဖြစ်သူမှာ သမီးအား ဓားမဖြင့် ခုတ်သတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့ဖြစ်ပါ၍ ဓါးဖြင့်ခုတ်သတ်သော နေလင်းဦးအား အရေးယူပေးပါရန်ဦးမြင့်စိုးမှ တရားလိုပြုလုပ်တိုင်တန်းခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ သေဆုံးသူအေးအေးနိုင်အား ခင်ပွန်းဖြစ်သူ နေလင်းဦးမှ လင်မယားချင်းစကားများရန်ဖြစ်ရာ ဓါးမဖြင့်ခုတ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အလောင်းအား တာပွန်တိုက်နယ်ဆေးရုံသို့ ပို့ခြင်းမှတ်တမ်းရယူခြင်း မြေပုံကြမ်းရေးဆွဲခြင်း တရားခံဖမ်းဆီးခြင်းများ ပြုလုပ်ကြသည်အမှုအား တာပွန်နယ်မြေရဲစခန်း၏ရဲအုပ်အောင်ဇော်မိုးမှ ဆက်လက်အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။

တင်မြင့် - နတ်တလင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ယခင်ရည်းစားဟောင်း အကြောင်းပြောရာမှ လင်မယားရန်ဖြစ်၍ ခင်ပွန်းကဓားဖြင့် ခုတ်သတ် ယခင်ရည်းစားဟောင်း အကြောင်းပြောရာမှ လင်မယားရန်ဖြစ်၍ ခင်ပွန်းကဓားဖြင့် ခုတ်သတ် Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.