၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့် က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရတနာမြေစာပုံ ကျေးရွာအနီး မြန်မာကြွယ်ဝသောမြေ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံးသွားကြောင်း သိရပါသည်။
လူ ၆၀ ဦးခန့် ရေမဆေးကျောက် ရှာဖွေနေစဉ် အမြင့် ၃၀ ပေ ခန့်ရှိ မြေစာနှင့် ကျောက်ခဲ ကမ်းပါးယံ ရုတ်တရက်ပြိုကျခဲ့ရာ လင်းလင်း နှင့် ချစ်နန်းမိုး တို့ ၂ ဦးမှာ မြေစာပိ သေဆုံးသွားခဲ့ပြီး မျိုးညွှန့် (၂၂)နှစ် တွင် ယာတင်ပါးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့၍ ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ခဲ့ကာ ၂၁၀၅ အချိန် ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၈)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
11:51
Rating:
