သာမညကျေးရွာမှာ ဓါတ်လိုက်မှုကြောင့် မင်္ဂလာဆောင်မဲ့ သတိုးသားနှင့် မိဘနှစ်ပါး အပါအ၀င် လူ (၅) ဦးသေဆုံး


ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာ ရေတံခွန်ရပ်ကွက်တွင် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့် က မင်္ဂလာဆောင်မယ့် သတိုးသားနှင့် မိဘနှစ်ပါး၊ ဆွေမျိုးနှစ် ယောက် အားလုံးပေါင်း(၅)ယောက် မင်္ဂလာမဏ္ဍပ်ဆောက်ဖို့ ရှင်းလင်းနေတုန်း မီးဓါတ်လိုက် သေဆုံးသွားကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ ယနေ့ နံနက် ၉း၄၅ မီနစ်ခန့်တွင် သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်၊ အိမ်အမှတ် ၉/၆၆ တွင် ဦးမောင်ပါး သည် သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဖုန်းတိုင်ကို ပြောင်းရွှေ့ ရာမှ ဓါတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


ဦးမောင်ပါးနှင့်အတူ ကူညီပေးသူ လခို (၃၄)နှစ်၊ ကျော်မိုး (၁၉)နှစ်၊ သားဖြစ်သူ ခွန်သိန်းဝင် (၃၀)နှစ် တို့သည် ဖုန်းတိုင်ကို ပြောင်ရွေ့ရာမှာ (၃၂) အရှည်ရှိ ဖုန်းတိုင်ကို မထိန်းနိုင်ဘဲ သာမညရွာမှ ဝင်စိန်ရွာသို့  သွယ်တန်ထားသော လိုင်းမီးကြိုး ကြီးပေါ်သို့ ကျရာကနေ လျှပ်စစ်စီးဝင်ပြီး ဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ဓါတ်လိုက် မီးလောင်နေသည့် ဦးမောင်ပါး အား ဇနီး ဖြစ်သူမှ ရေးဖြင့် ပတ်ရာမှ ဇနီးဖြစ်သူပါ ဓါတ်လိုက် သေဆုံးခဲပြီး( သေဆုံး) ၅ ဦး ကို ဘားအံပြည်သူဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ ကြောင်း သိရပါသည်။

သတင်း- ဓါတ်ပုံ ။  ။ Kyaw Kyaw Oo / ကရင်ပြည်နယ် ဘားအံမြို့တော်

by သစ်ထူးလွင်
သာမညကျေးရွာမှာ ဓါတ်လိုက်မှုကြောင့် မင်္ဂလာဆောင်မဲ့ သတိုးသားနှင့် မိဘနှစ်ပါး အပါအ၀င် လူ (၅) ဦးသေဆုံး သာမညကျေးရွာမှာ ဓါတ်လိုက်မှုကြောင့် မင်္ဂလာဆောင်မဲ့ သတိုးသားနှင့် မိဘနှစ်ပါး အပါအ၀င် လူ (၅) ဦးသေဆုံး Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.