၁၅ ယောက် ပါတယ် ချမလားဆိုတဲ့ ခါးပိုက်နှိုက်အဖွဲ့  ဖမ်းမိ


ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃၁ ရက်မှာ YBS ၂ဝ ယာဉ်အမှတ် 4N-6104(အဆင်းကား) ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်မိန်းကလေးကို ခါးပိုက်နှိုက်ပြီး  ခါးပိုက်နှိုက်ဆိုသူက မြေနီကုန်းမှတ်တိုင်အနီးအရောက်မှာ ဆင်းသွားပြီး ငါတို့မှာ ၁၅ ယောက်ပါတယ်။ ကောင်မအာမချောင်နဲ့၊ နင်ကဘာကောင်မလဲ ၊ ချမလား စသဖြင့် နှမချင်းမစာနာပြောကာ မိန်းကလေးကို မကြားဝံ့မနာသာစကားတွေနဲ့ ဆဲဆို ခြိမ်းခြောက်သွားတဲ့ ခါးပိုက်နှိုက်အဖွဲ့ ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ဒီကနေ့  ဖမ်းဆီးရမိကြောင်း သိရပါတယ်။


သတင်း - ဓါတ်ပုံ ။ ။ ရွှေကသစ်(စမ်းချောင်း)
ခရီးသွားများအပေါ် အနူးအညွတ်တောင်းပန်ခြင်း
31.10.17
10:30am
4N-6104(အဆင်းကား)
Driver-တင်ထွေးအောင်
Lincense no- င/၀၀၄၀၈/၀၂
Marshall-နန်းထက်ဝင်း
ခရီးသွားမိန်းကလေးတစ်ဦးမှ သူမအားခါးပိုက်နှိုက်သည်ကို သိရှိပီး ချက်ချင်းပင် driver နှင့် bus marshall တို့အား သတင်းပို့ခဲ့ပါသည်...မိမိတို့ဘက်မှလည်းအတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးခဲ့ပါသည်..ယခုလို ခရီးသည်မိန်းကလေးအား ပြုမူခဲ့သည့် video file အား စမ်းချောင်းမြို့နယ် ရဲစခန်းတွင် 2.11.17 ရက်နေ့တွင် မိမိတို့ တာဝန်ရှိသူမှ သွားရောက်တိုင်တန်းခဲ့သော်လည်း ယနေ့ထိ တစ်စုံတစ်ရာ အရေးယူနိုင်ခြင်းမရှိသလို ကာယကံရှင်ကိုယ်တိုင် အမှုဖွင့် ဦးတောက်လျောက်ထားရမည့် အခြေအနေဖြစ်နေပါသည်....မိမိတို့အနေဖြင့် ခရီးသွားပြည်သူတစ်ယောက်အပေါ် ကျူးလွန်သောလုပ်ရပ်အား သေချာသတင်းပေးတိုင်တန်းပါသောလည်းအရေးမယူနိုင်သောကြောင့် ကာယကံရှင်မိန်းကလေးနှင့်တကွ ခရီးသွားပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်...

YBS 20 facebook
၁၅ ယောက် ပါတယ် ချမလားဆိုတဲ့ ခါးပိုက်နှိုက်အဖွဲ့  ဖမ်းမိ ၁၅ ယောက် ပါတယ် ချမလားဆိုတဲ့ ခါးပိုက်နှိုက်အဖွဲ့  ဖမ်းမိ Reviewed by THITHTOOLWIN on 23:38 Rating: 5
Powered by Blogger.