ဒိုက်ဦးမြို့ တွင် ယာဉ်တိုက်မှုဖြစ် ညီအစ်ကို ၂ ဦး သေဆုံး

ဒိုက်ဦးမြို့ တွင် ညီကိုနှစ်ယောက် စီးလာသော ဆိုင်ကယ်အား အမည်မသိ ယာဉ်မှဝင်တိုက်၍ ညီကိုနှစ်ဦးသေဆုံးကာ ယာဉ်မှာထွက်ပြေး
ဒိုက်ဦး ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ နယ် ပေါက်တပင်ကျေးရွာထိပ် ရန်ကုန်-မန္တလေးကားလမ်းမတွင်ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၇ နာရီခန့် က ညီကိုနှစ်ယောက်စီးလာသော ဆိုင်ကယ်အား အမည်မသိ ယာဉ်တစ်စီးမှ ဝင်တိုက်၍ ညီကိုနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမည်မသိယာဉ်မှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဒိုက်ဦးမြို့  ပေါက်တပင်ကျေးရွာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၇၉/၄နှင့်၅ အကြားခန့် တွင်ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ယောက်လဲကျနေကြောင်း သတင်းအရ ဒုရဲအုပ်ကျော်မျိုးနိုင်နှင့်အဖွဲ့  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ဒိုက်ဦးမှ ပဲခူးသို့  ဇေယျာ (၂၄)နှစ် ရှမ်းစုကျေးရွာ ဒိုက်ဦးမြို့ နေသူ မောင်းနှင်ပြီး ညီဖြစ်သူ ကျော်ထက်အောင် (၁၅)နှစ် အဘတူ လိပ်စာတူ လိုက်ပါ လာသော CZIအမျိုးအစား ၁၂၅ဖြူပြာကြား ရုပ်ဆိုးဆိုင်ကယ် နောက်ပိုင်းအား ယာဉ်ကြောတူ နောက်မှ ယာဉ်အမျိုးအမည်မသိယာဉ်တစ်စီးမှ ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မှာ ကားလမ်းယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့
ပြီး အကိုဖြစ်သူ ဇေယျာမှာ ဦးခေါင်းပြားဒဏ်ရာ ညီဖြစ်သူကျော်ထက်အောင် မှာ ဝမ်းဗိုက်၊ မေးစေ့၊ ယာနထင်။ နှာခေါင်းပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ကြသည်။

သို့ပါ၍ လူသေအောင် ယာဉ်မဆင်မခြင် မောင်းနှင်ထွက်ပြေးသူအား ဖောင်တော်သီနယ်မြေရဲစခန်းက အမှုဖွင့်ကာယာဉ်နှင့် ယာဉ်မောင်းအား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒိုက်ဦးမြို့ တွင် ယာဉ်တိုက်မှုဖြစ် ညီအစ်ကို ၂ ဦး သေဆုံး ဒိုက်ဦးမြို့ တွင် ယာဉ်တိုက်မှုဖြစ် ညီအစ်ကို ၂ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.