ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ အကယ်ချောင်းကျေးရွာရေကာတာမှာ ဇန်နဝါရီ(၇)ရက် ညနေပိုင်းက သစ်ငုတ်က အကိုင်းအခက်ကိစ္စစကားများကာ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ စိုးမင်းတင်အောင်ဆိုသူက သစ်ငုတ်မှာထွက်ရှိနေတဲ့ အကိုင်းအခက်တွေကို လာရောက်ရှင်းလင်းရာက လင်းအောင်ဆိုသူနဲ့ စကားများခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုစကားများချိန်မှာ စိုးမင်းတင်အောင်က သစ်သားတုတ်ဖြင့်ရိုက်ရာ လင်းအောင်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး လင်းအောင်က အရိုးအသွား (၂၀)လက်မ ခန့် ဓားဦးချွန်နဲ့ပြန်ထိုးရာ စိုးမင်းတင်အောင်ရဲ့ ယာညှပ်ရိုးအောက်မှာ ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးသွားတာဖြစ်တယ်လို့ ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လင်းအောင်ကို ပန်းတနော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ -၃၀၂ နဲ့အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
သစ်ငုတ်က အကိုင်းအခက်ကိစ္စ စကားများကာ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
06:39
Rating:
