![]() |
အခင်းဖြစ်ပွားရာနေအိမ်အနီးသို့ ရဲကားများရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်) |
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ရှိ နေအိမ်တစ်လုံး၌် ၂၀၁၈ခုနှစ်သို့ ရောက်ရှိရန် ၁၅မိနစ်အလို နှစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ၎ဦးသေဆုံးကာ ၁၆နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။
သေဆုံးသူများတွင် သေနတ်ပစ်ခတ်သူ ဆယ်ကျော်သက်၏ မိဘနှစ်ဦး နှင့် ၁၈နှစ်အရွယ် အမတစ်ဦး ပါဝင်ကြောင်း မန်းမောက်စီရင်စု ရှေ့နေရုံး က ဇန်နဝါရီ ၁ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လေးဦးမြောက်သေဆုံးသူသည် အဆိုပါမိသားစု နှင့်အတူနေထိုင်သည့် အသက် ၇၀နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ယင်းအိမ်အတွင်း၌ တစ်ဦးတစ်ယောက် ရှိ၊မရှိ ကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးပဲ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
အမေရိကန်၌ နှစ်သစ်ကူးညတွင် ဆယ်ကျော်သက်တစ်ဦးက တစ်မိသားစုလုံးကို သေနတ်ဖြင့်ပစ်သတ်
Reviewed by THITHTOOLWIN
on
17:03
Rating:
