ကော့သောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၅ ခု ဖမ်းဆီးရမိ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ၁၄၃၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ် လဝကဦးစီးမှူး ဦးစောဝင်းကြည်နှင့်အဖွဲ့သည် သတင်းပေးပို့ ရရှိမှုအရ ဒေါ်စန်းစန်းဌေး၏နေအိမ်အား ဝင်ရောက် စစ်ဆေးခဲ့ရာ ဟိန်းဇော်သူ၊ (၂၄)နှစ်ထံမှ နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ၅ ခုအား ဖမ်းဆီး ရမိခဲ့ပါသည်။


ဖမ်းဆီးရမိသော နိုင်ငံသားစိစစ်ရေး ကတ်ပြားအတုများအား မြို့နယ်လဝကဦးစီးမှူး ဦးစောဝင်းကြည်မှ အပ်နှံတိုင်တန်းသဖြင့် ဟိန်းဇော်သူ(ဖမ်းမိ)အား ကော့သောင်းမြို့မရဲစခန်း (ပ)၅၃ /၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု/ စာရွက်စာတမ်း အတုပြုလုပ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ရန်နိုင်အောင်အား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကော့သောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၅ ခု ဖမ်းဆီးရမိ ကော့သောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၅ ခု ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:55 Rating: 5
Powered by Blogger.