အိန္ဒိယနိုင်ငံဟာ နျူးကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးပျံတစ်စင်း မနေ့က စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
အက်ဂနိ ၅ လို့ အမည်ပေးထားတဲ့ အဲဒီဒုံးပျံကို အိန္ဒိယ အနောက်ပိုင်း သြဒိသပြည်နယ်၊ ကျွန်းတစ်ကျွန်းပေါ်ကနေ ကြာသပတေးနေ့ မနက်ပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။
စမ်းသပ်မှုအောင်မြင်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယနဲ့ တရုတ်ကြား နှစ် ၃၀ ကြာ ပြဿနာဖြစ်နေတဲ့ ဟိမ၀န္တာ တောင်တန်းဒေသက နယ်မြေအငြင်းပွားမှုအပြီးမှာ အခုလို အိန္ဒိယက တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
မီး လို့ အဓိပ္ပါယ်ရတဲ့ အက်ဂနိ ၅ ဒုံးပျံ ဟာ ၅၅ ပေ လောက်ရှည်ပြီး၊ အိန္ဒိယ ပြည်တွင်းဖြစ် ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
တိုက်ချင်းပစ် ဒုံးပျံတစ်စင်း အိန္ဒိယ စမ်းသပ်ပစ်လွှတ်
Reviewed by THITHTOOLWIN
on
09:27
Rating:
