![]() |
မြောက်ကိုရီးယားနဲ့ ထိပ်တန်း အဆင့် ဆွေးနွေးဖို့ တောင်ကိုရီးယားက အဆိုပြု |
လာမယ့် ဖေဖော်ဝါရီလ၊ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို မြောက်ကိုရီးယား အားကစား အဖွဲ့ စေလွှတ် ကောင်း စေလွှတ်နိုင်တယ်လို့ ကင်ဂျုံအွန်း က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ် ကူး မိန့်ခွန်း မှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
တောင်မြောက် ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ တောင်ကိုရီးယားဝန်ကြီး ချို မြောင် ဂီယွန်က အခုသီတင်းတပတ်အတွင်း နယ်စပ်မှာ တွေ့ဆုံ ဆွေးနွေးပွဲတခု လုပ်ဖို့ သတင်းစာ ရှင်းလင်းပွဲမှာ အဆိုပြုခဲ့ပါတယ်။
တောင်ကိုရီးယားမှာ လာမယ့်လ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ မြောက်ကိုရီးယား ကိုယ်စားလှယ်တဦး လာရောက်ရေးကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
၂၀၁၅ခုနှစ်တုန်းက တောင်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ နောက်ဆုံး တွေ့ဆုံခဲ့ကြတာပါ။
![]() |
ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို မြောက်ကိုရီးယား အားကစား အဖွဲ့ စေလွှတ် ကောင်း စေလွှတ်နိုင်တယ်လို့ ကင်ဂျုံအွန်း က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ် ကူး မိန့်ခွန်း မှာ ထည့်သွင်း ပြောကြား |
အိုလံပစ် ကော်မတီရဲ့ အထူး ဖိတ်ကြားချက်နဲ့ အဲဒီ မြောက်ကိုရီးယား စကိတ်စီး အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိတယ်လို့ အားကစား ကော်မတီဝင်တွေက ပြောဆိုနေပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ တောင်ကိုရီးယား ငွေကြေး ဝမ်ဟာ အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် ၃နှစ်တာ ကာလအတွင်း အမြင့်ဆုံး ထိုးတက် သွားခဲ့သလို စတော့ ရှယ်ယာ ဈေးကွက်မှာလည်း ရှယ်ယာဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက် နဲ့ ဆွေးနွေးဖို့ တောင်ကိုရီးယား အဆိုပြု
Reviewed by THITHTOOLWIN
on
22:00
Rating:
