ရုရှ တချို့ ကို အမေရိကန် ပိတ်ဆို့မှု ချမှတ်

ရုရှားနိုင်ငံရဲ့ ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ ရုရှားအစိုးရက ပြော
ရုရှား အစိုးရက တားနေတဲ့ကြားက အမေရိကန်က သူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ရုရှား စီးပွားရေး ခေါင်းဆောင်တွေနဲ့ ရုရှား ထိပ်တန်း အစိုးရပုဂ္ဂိုလ်တွေကို ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ အဲဒီ လျှို့ဝှက်အစီရင်ခံစာထဲမှာ အဲဒီလူတွေဟာ အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ သတင်းအချက်အလက်တွေလည်း ပါတယ်လို့ သိရပါတယ်။

အဲဒီ ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲမှာ သမ္မတ ပူတင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ် အပါအဝင် သမ္မတပူတင် အစိုးရအဖွဲ့က ပုဂ္ဂိုလ် အားလုံးနီးပါးကို ထည့်သွင်းထားပါတယ်။
ချယ်လ်ဆီး ဘောလုံး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ် နဲ့ ဝန်ကြီးချုပ် မက်ဗီးဒက် တို့လည်း ပါဝင်
ဒါ့အပြင် အနည်းဆုံး ဒေါ်လာ တစ်ဘီလျံ ကြွယ်ဝသူ ရုရှားဘီလျံနာ စီးပွားရေး လုပ်ငန်းရှင် တစ်ရာလောက်ကိုလည်း အဲဒီစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

ဒီအစီရင်ခံစာဟာ ရုရှားနိုင်ငံရဲ့ ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

အမေရိကန် ရဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ချယ်လ်ဆီး ဘောလုံး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ် နဲ့ ဝန်ကြီးချုပ် မက်ဗီးဒက် တို့လည်း ပါဝင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရုရှ တချို့ ကို အမေရိကန် ပိတ်ဆို့မှု ချမှတ် ရုရှ တချို့ ကို အမေရိကန် ပိတ်ဆို့မှု ချမှတ် Reviewed by THITHTOOLWIN on 23:36 Rating: 5
Powered by Blogger.