နေအိမ်အတွင်းဝင်ရောက်ပြီး ဓားထောက် ပစ္စည်းလုယူ သွားသူ ဖမ်းဆီးရမိ

နေအိမ်အတွင်းဝင်ရောက်ပြီး ပစ္စည်းများလုယူသွားသူအား ဖော်ထုတ်ဖမ်းဆီးရမိ
မန္တလေး၊ ဇန်န၀ါရီ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ(တ)ရပ်ကွက်နေ ကိုမျိုးနိုင်ဝင်း ၂၂နှစ်သည် နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ အိပ်ခန်းအတွင်း၌ မီးဖွင့်၍ အိပ်ပျော်နေစဉ် အိပ်ခန်းတံခါးဂျက်အားဖွင့်၍ အိပ်ခန်းအတွင်း အမည်မသိအမျိုးသား တစ်ဦးဝင်ရောက်လာပြီး ဓားထောက် ပစ္စည်းလုယူ သွားသူအား ဇန်န၀ါရီလ ၉ ရက်နေမှာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဖြစ်စဉ်မှာ ၇-၁-၂၀၁၇ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် မိတ္ထီလာမြို့၊ ပြည်သာယာ(တ)ရပ်ကွက်နေ ကိုမျိုးနိုင်ဝင်း ၂၂နှစ်သည် နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ အိပ်ခန်းအတွင်း၌ မီးဖွင့်၍ အိပ်ပျော်နေစဉ် အိပ်ခန်းတံခါးဂျက်အားဖွင့်၍ အိပ်ခန်းအတွင်း အမည်မသိအမျိုးသား တစ်ဦးဝင်ရောက်လာသဖြင့် လန့်နိုးပြီးကြည့်ရှုရာ ၎င်း၏မျက်နှာတွင် အညိုရောင် အင်္ကျီအုပ်ထားသည့်အပြင် ဓားမြှောင် ၁ ချောင်းအား ကိုင်ဆောင်ထားသည်ကိုတွေ့ရှိရသည်။

 အဆိုပါလူမှ မလှုပ်နဲ့ အသံမထွက်နဲ့၊ အော်ရင်ထိုးမှာဟုပြောဆိုပြီး ကိုမျိုးနိုင်ဝင်းနှင့်ဇနီးတို့အား စောင်ခြုံအိပ်ခိုင်းထားရှိကာ အဆိုပါ အမျိုးသားမှ ၎င်း၏မျက်နှာမှ အင်္ကျီအားချွတ်လိုက်ပြီး အိပ်ရာခေါင်းရင်းဝဲဘက်ရှိ စားပွဲပေါ်၌ တင်ထားသော စိန် ၁ ပွင့်ပါလက်စွပ် ၁ ကွင်း၊ စိန်အပွင့်အသေး(၁၂)ပွင့်ပါလက်စွပ် ၁ ကွင်း၊ တစ်မတ်သားခန့်ရှိ ရွှေလက်စွပ် ၁ကွင်း Lenovo G-400 Laptop ၁ လုံး၊ VIVO X3 ငွေ ရောင်လက်ကိုင် ဖုန်း ၁ လုံးနှင့် ငွေ ၃ သိန်းကျပ်၊ စုစုပေါင်းတန်ဖိုး ၁၈၀၀၀၀၀ ကျပ်ခန့်တို့အား ယူဆောင်သွားခဲ့သဖြင့် မိတ္ထီလာမြို့အမှတ်(၃)နယ်မြေရဲစခန်း(ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆အရ အမှုဖွင့်ခဲ့သည်။


အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးညွှန့်ထွန်းဦးစီး၍ မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မိတ္ထီလာအမှတ်(၃)နယ်မြေရဲစခန်းမှူး ဦးစီးတပ်ဖွဲ့ဝင်များ ပူးပေါင်း စုံစမ်းရှာဖွေခဲ့ရာ ၈.၁.၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်တွင် အမှုမှသက်သေခံပစ္စည်းများဖြစ်သည် Lenovo G-400 Laptop နှင့် VIVO X3 ငွေ ရောင်လက်ကိုင်ဖုန်းတို့အား မိတ္ထီလာမြို့၊ ပြည်သာယာ(မ)ရပ်ကွက်နေ မွတ္တား(ခ) သူရလွင် ၂၇နှစ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ပါသည်။

 အဆိုပါ ပစ္စည်းများအား ၇.၁.၂၀၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် သူငယ်ချင်းဖြစ်သူ နောင်နောင်(ခ) နောင်လင်းထက်မှ မိတ္ထီလာမြို့၊ ပြည်သာယာ(တ)ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်းမှ ယူဆောင်လာပြီး ၎င်းသုံးစွဲရန် ထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် နောင်နောင်(ခ)နောင်လင်းထက်အား ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ရာ ၉.၁.၂၀၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန် ပြည်သာယာ(တ)ရပ်ကွက်၊ (၁)လမ်းနေ အောင်အောင်နေအိမ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် နေအိမ်အား ၀င်ရောက်ရှာဖွေရှာ နောင်နောင်(ခ)နောင်လင်းထက် ၂၂နှစ်၊ ပြည်သာယာ(တ)ရပ်ကွက်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
နေအိမ်အတွင်းဝင်ရောက်ပြီး ဓားထောက် ပစ္စည်းလုယူ သွားသူ ဖမ်းဆီးရမိ နေအိမ်အတွင်းဝင်ရောက်ပြီး ဓားထောက် ပစ္စည်းလုယူ သွားသူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.