မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဒဏ်ရာရလူနာ ၈ဦးကို ဖမ်းဆီး

မြောက်ဦးမြို့ ပဋိပက္ခမှာ ဒဏ်ရာရရှိသူကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ လူနာ ၈ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

ဆေးကုသမှုခံယူနေစဉ်အတွင်း ဖမ်းဆီးလိုက်တာ မဖြစ်သင့်ဘူးလို့ ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ လူနာ ကိုဦးသန်းဇော်ရဲ့ဖခင်ဖြစ်သူ  ဦးအေးမောင်သိန်း က ပြောပါတယ်။

ဒီနေ့မနက်က ဆရာဝန်က လူနာတွေကို ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေက လက်ထိပ်ခတ်ပြီး ဆေးရုံအချုပ်ခန်းလူနာဆောင်ကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

လူနာတွေကို အခန်းသော့ခတ်ပြီး ချုပ်နှောင်ထားတာကြောင့် မိသားစုတွေနဲ့ တွေ့ခွင့်မရတော့ဘူးလို့ လည်း ပြောပါတယ်။

ဒေသခံရဲအရာရှိတစ်ဦးကတော့ မြောက်ဦးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူနာတွေကို မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း လူ ၇ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာရသူ ၁၂ ဦးထဲက ၈ ဦးဟာ စစ်တွေဆေးရုံးမှာ ကုသခံယူနေရတာလည်းဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဒဏ်ရာရလူနာ ၈ဦးကို ဖမ်းဆီး မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဒဏ်ရာရလူနာ ၈ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.