အမေရိကန် သံအမတ်ကြီးကို ပါကစ္စတန် နိုင်ငံခြားရေးဌာန ဆင့်ခေါ်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပါကစ္စတန်နိုင်ငံရဲ့ လိမ်လည်လှည့်ဖျားမှုတွေကြောင့် အမေရိကန်ကပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့အတွက် ပါကစ္စတန်နိုင်ငံခြားရေးဌာနက အမေရိကန်သံအမတ်ကြီးကို ဒေါသတကြီး ဆင့်ခေါ်လိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့ ၁၅ နှစ်ကစပြီး ပါကစ္စတန်ကိုအမေရိကန်ဒေါ်လာ ၃၃ သန်းဖိုး ရှိတဲ့ အထောက်အပံ့တွေကို မိုက်မိုက်မဲမဲပေးခဲ့ပါတယ်၊ ဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန် ခေါင်းဆောင်တွေကို အရူးတွေလိုသဘောထားပြီး အလိမ်အညာတွေ၊ လှည့်ဖျားမှုတွေပဲ ပြန်ပေးခဲ့ပါတယ်၊ ဒါ့အပြင် ပါကစ္စတန်ဟာ အကြမ်းဖက်စစ်သွေးကြွတွေကို အေးအေးချမ်းချမ်းလုံလုံခြုံခြုံ နေလို့ရအောင် ဖန်တီးပေးထားတယ်” ... လို့ သမ္မတဒေါ်နယ်ထရမ့်ပ်က ၂၀၁၈ ခုနှစ်ရဲ့ပထမဆုံးနေ့မှာ သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ရေးသားစွပ်စွဲလိုက်တာဖြစ်ပါတယ်။

ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဟေးလ်က မနေ့ကတနင်္လာနေ့မှာ ပါကစ္စတန် နိုင်ငံခြားရေးဌာနကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သံတမန်တစ်ယောက်က အတည်ပြုပြောခဲ့ပေမယ့် အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူးလို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဌာနကလည်း အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘာမှထုတ်ဖော်မပြောသေးပါဘူး။

သမ္မတထရမ့်ပ်ရဲ့ တွစ်တာပို့စ်မှာ ဘာမှ အသေးစိတ်ရေးမထားပေမယ့် ပါကစ္စတန်ကိုပေးနေတဲ့ အထောက် အပံ့တွေကို ဖြတ်တောက်ပစ်မယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လက သူ့ရဲ့မိန့်ခွန်းတစ်ခုထဲမှာ ထည့်သွင်းပြောခဲ့ဖူးပါတယ်။

Photo: Twitter
RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန် သံအမတ်ကြီးကို ပါကစ္စတန် နိုင်ငံခြားရေးဌာန ဆင့်ခေါ် အမေရိကန် သံအမတ်ကြီးကို ပါကစ္စတန် နိုင်ငံခြားရေးဌာန ဆင့်ခေါ် Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.