![]() |
ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးကို လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကတွေ့ရစဉ်/ Photo: Min Thein Aung/RFA |
ပြည်သူလူထုအနေနဲ့ ဆန္ဒပြပွဲတွေလုပ်မယ်ဆိုရင် ဥပဒေနဲ့အညီဆောင်ရွက်ဖို့ကိုလည်း မြို့မိမြို့ဖတွေ၊ သြဇာရှိတဲ့ သူတွေကနေတဆင့် အသိပေးဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
လှုံ့ဆော်တဲ့စာတွေကြောင့် စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဒီနေ့နေ့လည်က ဒေသခံ ၁၀၀ လောက်စုဝေးခဲ့ကြပြီး ဆန္ဒပြပွဲတွေလုပ်မယ်ဆိုရင် ဥပဒေနဲ့အညီဆောင်ရွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုမှုတွေကြောင့် လူစုကွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲမှာ လက်နက်ကိုင်တော်လှန်ဖို့ ထည့်သွင်းဟောပြောခဲ့တဲ့အတွက် ဒေါက်တာအေးမောင်ကို မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေနဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဒေါက်တာအေးမောင်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေက ဒေါက်တာအေးမောင် ဖမ်းဆီးထိန်းသိမ်းခံ ရတဲ့ကိစ္စကို ဥပဒေလမ်းကြောင်းအရသာ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး လူထုဆန္ဒပြပွဲတွေနဲ့ ကန့်ကွက်ဆန္ဒပြ ဖို့ ပြောဆိုမှုတွေဟာ မိမိတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။
စစ်တွေမြို့မှာ လူထုအင်အားနဲ့ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဆန္ဒပြဖို့ လှုံ့ဆော်မှုကြောင့် စစ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထား
Reviewed by THITHTOOLWIN
on
18:41
Rating:
