တာကော်တံတား စစ်ဆေးရေးဂိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ကွန်ဟိန်း - ဇန်နဝါရီ ၁

ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တာကော်တံတားစုပေါင်း စစ်ဆေးရေးဂိတ်စခန်း တွင် ဇန်နဝါရီ ၁ရက်က ဖိုးဝှီးယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၁၅၅ဝဝ တန်ဖိုးရှိ မူးယစ် ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ရက် မွန်းလွဲ၂ နာရီက ကွန်ဟိန်းမြို့နယ် တာကော်တံတား စုပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် နယ်မြေခံတပ်များ၊ ရဲကင်းမှူး ရဲအုပ်မြင့်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခိုလန်ဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ရှိန်တဲ့စင်(၂ဝနှစ်) တာမိုးညှဲကျေးရွာနေသူ မောင်းနှင်လာသော ယာဉ် အမှတ် 3H/---- ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် ယာဉ်ပေါ်မှ ဘိန်းဖြူ ၆၂ကီလို ( တစ်ကီလိုလျှင် ကာလတန်ဖိုး ငွေကျပ် ၆၂ သိန်းနှုန်း)ဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၅၅ဝဝ တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို သိမ်းဆည်းရမိသဖြင့် ယာဉ်မောင်း ရှိန်တဲ့စင်အား ကွန်ဟိန်းမြို့နယ် ကာလိနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာကော်တံတား စစ်ဆေးရေးဂိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ တာကော်တံတား စစ်ဆေးရေးဂိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.