ကေအန်ပီပီတပ်ဖွဲ့ဝင် အသတ်ခံရမှု အရေးမယူလို့ လွှတ်တော်ကော်မတီဝင် နုတ်ထွက်

လွှတ်တော်ကို အယုံအကြည်မရှိတော့သလို လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မီတီကနေ နုတ်ထွက်ကြောင်း
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခဲ့တာကို ပြည်နယ်လွှတ်တော်က အရေးမယူတာဟာ မတရားမှုကို အားပေးရာ ရောက်တယ်လို့ ကယားပြည်နယ် လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေး ကော်မီတီ အဖွဲ့ဝင် ခူးတူရယ်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လစ်လျူရှုထားပေမယ့် သတ်ဖြတ်မှုကို အရေးယူပေးဖို့ တောင်းဆိုတဲ့သူ ၅ ဦးကို တရားစွဲထားပြီး သတ်ဖြတ်တဲ့သူတွေကို ဘာကြောင့် တရားမစွဲ နိုင်ရတာလဲလို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။
သတ်ဖြတ်မှုကို အရေးယူပေးဖို့ တောင်းဆိုတဲ့သူ ၅ ဦးကို တရားစွဲထား
ဒါကြောင့် လွှတ်တော်ကို အယုံအကြည်မရှိတော့သလို လွှတ်တော် တိုင်စာ၊ ပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မီတီကနေ နုတ်ထွက်ကြောင်း ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဆီ မနေ့က စာတင် ထားတယ်လို့လည်း ခူးတူးရယ်က ပြောပါတယ်။

ခုလို နုတ်ထွက်ခွင့်တောင်းတာဟာ ပြည်သူတွေ အကာအကွယ်မဲ့နေပြီး ဖိနှိပ်ခံနေရတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကို သိစေချင်တယ်လို့ ဆိုပါတယ်။

နုတ်ထွက်စာကို ခုချိန်ထိ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။
လွိုင်ကော်မြို့ အနီး ၇ မိုင်ကင်းစခန်းမှာ တာဝန်ကျနေတဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေက သစ်တင်လာတဲ့ ကားတစီးကို စစ်ဆေးခဲ့
ဒီဇင်ဘာလကုန်ပိုင်းက လွိုင်ကော်မြို့ အနီး ၇ မိုင်ကင်းစခန်းမှာ တာဝန်ကျနေတဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေက သစ်တင်လာတဲ့ ကားတစီးကို စစ်ဆေးခဲ့ရာကနေ ကေအန်ပီပီ တပ်သား ၃ ဦးနဲ့ အရပ်သားတဦးကို တပ်မတော်က သတ်လိုက်တယ်လို့ ကေအန်ပီပီက စွပ်စွဲထားပါတယ်။

ဒီလိုသတ်ဖြတ်မှုကို ကန့်ကွက်ဆန္ဒပြသူ ၅ ဦးကိုလည်း အစိုးရက တရားစွဲ ချုပ်နှောင်မှုတွေ လုပ်ဆောင်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ