![]() |
ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ အနက်ရောင်ဝတ်ကြတဲ့ ဟောလီးဝုဒ် အကျော်အမော်များ |
ဟောလီးဝုဒ် ထိပ်တန်း နာမယ်ကြီးတချို့ဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီးနောက် ဒါဟာ ပထမဆုံးကျင်းပတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲ ဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှုတွေကို ဆန့်ကျင် ဆန္ဒပြတဲ့အ နေနဲ့ ဒီအခမ်းအနားမှာ ဟောလီးဝုဒ် အနုပညာရှင်တွေက အနက်ရောင်ဝတ်ပြီး တက်လာကြပါတယ်။
မနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်လုပ် ပြသခဲ့တဲ့ ဇတ်ကားတွေဟာ ဒီအခမ်းအနားမှာ ဆုဆွတ်ခူး ရရှိနိုင်တယ်လို့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေပါတယ်။
"The Shape of Water" ဇတ်ကားက ဆုခုနှစ်ဆု ရလိမ့်မယ်လို့ ခန့်မှန်းထားသလို Steven Spielberg ရဲ့ "The Post" နဲ့ Martin McDonagh မာတင် မက်ဒေါ့ဂ်ရဲ့ "Three Billboards Outside Ebbing, Missouri" ကားတွေကနေ ဆုခြောက်ခုစီ အသီးသီးရနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
အနက်ရောင်လွှမ်းတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲ
Reviewed by THITHTOOLWIN
on
09:21
Rating:
