နေအိမ်တဲတွင် တစ်ဦးတည်းရှိနေစဉ် အဓမ္မပြုကျင့်မှုဖြစ်


နေပြည်တော်၊ ဇန်နဝါရီ ၈

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နေ မ×××(၁၇)နှစ်သည် နတ်တလင်းမြို့နယ်၊ ကျားတက်ကျေးရွာ အရှေ့ဘက် လယ်ကွင်းထဲရှိ နေအိမ် တဲတွင် တစ်ဦးတည်းရှိနေစဉ် တဲနီးချင်းနေ ဖိုးလပြည့်(၃၈)နှစ်ရောက်ရှိလာပြီး အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါသည်။

သားမယားအဖြစ် အဓမ္မပြုကျင့်နေစဉ် လယ်ထဲ၌ အလုပ်လုပ်နေသည့် ဖခင်ဖြစ်သူမှ ဘာဖြစ်တာလဲ ဟု အော်မေးသဖြင့် ဖိုးလပြည့်မှာ ထွက်ပြေးသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ဖိုးလပြည့် အား တာပွန်နယ်မြေရဲစခန်း(ပ)၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
နေအိမ်တဲတွင် တစ်ဦးတည်းရှိနေစဉ် အဓမ္မပြုကျင့်မှုဖြစ် နေအိမ်တဲတွင် တစ်ဦးတည်းရှိနေစဉ် အဓမ္မပြုကျင့်မှုဖြစ် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.