အလုံပိတ်​အခန်း ဆိုင်ရှင်များကို အလုပ်နှင့် ထောင်​ဒါဏ်​ ၆လစီ ပြစ်ဒဏ်ချမှတ်

မန္တလေးကန်​​တော်​ကြီး ကန်​ပတ်​လမ်းတွင်​ အလုံပိတ်​အခန်းများ ဖွင့်လှစ်ဆောင်ရွက်နေသည့် ဆိုင်ရှင်များကို အလုပ်နှင့် ထောင်​ဒါဏ်​ ၆လစီ ပြစ်ဒဏ်ချမှတ်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်​​တော်​ကြီး ကန်​ပတ်​လမ်းတွင် အလုံပိတ်​အခန်းများပြုလုပ်​၍ စုံတွဲများလက်​ခံ​ဆောင်​ရွက်​​နေသည့်​ဆိုင်​ ၉ ဆိုင်​ကို စည်​ပင်​ရဲတပ်​ဖွဲ့၊ စည်​ပင်​ဌာနဝန်​ထမ်းများ၊ နယ်​​မြေခံရဲတပ်​ဖွဲ့တို့ပါဝင်​သည့်​ ပူး​ပေါင်းအဖွဲ့မှ ဇန်နဝါရီလ ၁၃ ရက်​​နေ့ ၁၂၃၀အချိန်က စစ်​​ဆေးဖမ်းဆီးခဲ့ပါသည်။


အဆိုပါ လုပ်​ငန်းလုပ်​ကိုင်​သူ (၄)ဦးကို စည်​ပင်​သာယာရေးဥပဒေပုဒ်မ (၁၁၉)ဖြင့်လည်းကောင်း၊ လုပ်​ငန်းလုပ်​ကိုင်​သူ (၅)ဦးကို စည်​ပင်​သာယာရေးဥပဒေပုဒ်မ (၁၁၈)ဖြင့်လည်းကောင်း စည်ပင်သာယာအထူးတရားရုံးသို့ အသီးသီးတရားစွဲတင်​ပို့ခဲ့ပါသည်။

 တရားရုံးမှ ရာကြီးမှုအမှတ် (၆၂/၂၀၁၈)မှ (၇၀/၂၀၁၈)အထိ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၁၅ရက်​​နေ့တွင် တရားရုံးမှ လုပ်​ငန်းလုပ်​ကိုင်​သူ (၉)ဦးကို အလုပ်နှင့် ထောင်​ဒါဏ် ၆လစီ ကျခံစေရန် ပြစ်ဒဏ် အသီးသီးချမှတ်​ခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။

(Photo: MCDC)
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
အလုံပိတ်​အခန်း ဆိုင်ရှင်များကို အလုပ်နှင့် ထောင်​ဒါဏ်​ ၆လစီ ပြစ်ဒဏ်ချမှတ် အလုံပိတ်​အခန်း ဆိုင်ရှင်များကို အလုပ်နှင့် ထောင်​ဒါဏ်​ ၆လစီ ပြစ်ဒဏ်ချမှတ် Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.