နေပြည်တော်-ရန်ကုန်အမြန်လမ်း မိုင်တိုင်(၇၂)အနီး ဇန်နဝါရီ(၇)ရက် ည(၉)နာရီခွဲခန့်က ယာဉ်တိုက်ခံရမှုကြောင့် ရပ်ကင်းတာဝန်ကျ ရဲတပ်သားတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ(၇)ရက် ညဘက်က ရပ်ကင်းတာဝန်ထမ်းဆောင်နေတဲ့ ဥသျှစ်ကုန်း အမြန်လမ်းရဲစခန်းက ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သားတို့ဟာ အမြန်လမ်းတစ်ဖက်ကို လမ်းဖြတ်ကူးစဉ် နေပြည်တော်ဘက်က မောင်းနှင်လာတဲ့ ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိကာ ရဲတပ်သားက ဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဥသျှစ်ကုန်းအမြန်လမ်းစခန်းမှုးနဲ့ တာဝန်မှုးတွေဟာ ယာဉ်တိုက်ခံရတဲ့ ရဲတပ်သားကို မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးပြီး တိုက်ပြေးသွားတဲ့ယာဉ်ကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရဲတပ်သားကို တိုက်ပြီး ထွက်ပြေးသွားတဲ့ယာဉ်နဲ့ ယာဉ်မောင်းကို ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းက (ပ)၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ကပေးပို့တာပါ။
Central News Bureau
https://www.facebook.com/skynetcnb
ရဲတပ်သားတစ်ဦး အမြန်လမ်းတွင် ယာဉ်တိုက်ခံရသဖြင့်သေဆုံး
Reviewed by THITHTOOLWIN
on
20:39
Rating:
