သေနတ်လာရောက် ရောင်းချကြောင်းသတင်းအရ ရှာဖွေစစ်ဆေးရာမှ ဒေသန္တရလုပ်သေနတ်နှင့်ကျည်ရှစ်တောင့် ရှာဖွေသိမ်းဆည်းရမိ


လွယ်ဂျယ် ဇန်နဝါရီ ၁၆

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ တည်းခိုခန်းတစ်ခုတွင် ဇန်န၀ါရီလ ၁၄ ရက်က ဒေသန္တရလုပ်သေနတ်တစ် လက်လာရောက်ရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေရာမှ အဆိုပါ သေနတ်နှင့်အတူ ကျည်ရှစ်တောင့် ကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၄ ရက် နံနက်ပိုင်းက လွယ်ဂျယ်မြို့ အောင် သီရိရပ်ကွက်ရှိ ချမ်းသာတည်းခိုခန်း တွင်တည်းခိုရောက်ရှိနေသူ တစ်ဦး က သေနတ်တစ်လက်လာရောက် ရောင်းချနေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသည့် တပ်မတော်တပ်ရင်း မှ ဗိုလ်မှူးရဲလင်းအောင်နှင့် တပ်မ တော်သားများ၊ လွယ်ဂျယ်မြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုတိယ ရဲမှူးမြင့်ထွန်းဦးနှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါ တည်းခိုခန်း တွင် တည်းခိုနေသောအခန်းအမှတ် (၂၂)ကိုစစ်ဆေးရာ ဗန်းမော်မြို့နယ် မိုင်ဂျာယန်ဒေသနေဦးလမိုင်လဆိုင် (၄၅နှစ်)အား အခန်းတွင်းအသင့် တွေ့ရှိပြီး ၄င်း၏ဂျာကင်အင်္ကျီအတွင်း မှ ပွိုင့်(၂၂)ကျည်ဖြင့် ပစ်ခတ်၍ရ သော ဒေသန္တရလုပ် ဒင်အရှည် နှစ်လက်မခွဲ၊ ကိုယ်ထည်အရှည် ငါးလက်မနှင့် ပြောင်းအရှည် သုံး လက်မရှိ သေနတ်တစ်လက်၊ ပွိုင့် (၂၂)ကျည်ရှစ်တောင့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြားတစ်ပြား၊ တရုတ် ဖုန်းနံပါတ်ဖြင့် တပ်ဆင်ထားသည့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်ကြောင့် ဥပဒေမဲ့ဒေ သန္တရလုပ်သေနတ်ကို ကိုင်တွယ် သူ ဦးလမိုင်လဆိုင်(၄၅နှစ်)အား လွယ်ဂျယ်မြို့ နယ်မြေရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်စစ်ဆေးပြီး လွယ်ဂျယ်နယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net
သေနတ်လာရောက် ရောင်းချကြောင်းသတင်းအရ ရှာဖွေစစ်ဆေးရာမှ ဒေသန္တရလုပ်သေနတ်နှင့်ကျည်ရှစ်တောင့် ရှာဖွေသိမ်းဆည်းရမိ သေနတ်လာရောက် ရောင်းချကြောင်းသတင်းအရ ရှာဖွေစစ်ဆေးရာမှ ဒေသန္တရလုပ်သေနတ်နှင့်ကျည်ရှစ်တောင့် ရှာဖွေသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.