တွဲယာဉ်တစ်စီးတိမ်းမှောက် (၄)ဦး သေဆုံး တစ်ဦးဒဏ်ရာ အပြင်းအထန်ရ

မြ၀တီ-ကော့ကရိတ်အာရှလမ်း၊ နတ်စင်ကွေ့အနီး တွဲယာဉ်တစ်စီးတိမ်းမှောက် (၄)ဦး သေဆုံး တစ်ဦးဒဏ်ရာ အပြင်းအထန်ရ
ကော့ကရိတ် ဇန်န၀ါရီ ၉

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီသွားအာရှလမ်း၊နတ်စင် ကွေ့အနီးတွင် ဇန်န၀ါရီလ ၈ ရက်နေ့ညပိုင်းက မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ ဘတ်ဖိုးတင်ဆောင်မောင်းနှင်လာသည့် (၂၂)ဘီးယာဉ်(တွဲကား)သည် ယာဉ်ပေါ်တင်ဆောင်လာသော ဘတ်ဖိုးယာဉ်သည် ချောက်အတွင်းထိုးကျသွားရာမှ အရှိန်မထိန်းနိုင်ဖြစ်ကာ ရှေ့မှမောင်းနှင် နေသည့်ကန်တာယာဉ်အား ပွတ်တိုက်ကာ တိမ်းမှောက်သွားခဲ့သဖြင့် ၂၂ဘီးယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား(၄)ဦး အခင်းဖြစ်နေရာတွင် သေဆုံးကာ တစ်ဦးမှ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီလ (၈)ရက်နေ့ ည ၁၁နာရီခွဲအချိန်ခန့် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထူးအောင်ရွှေဦးစီးအဖွဲ့၊ အမှတ်(၇၁)ယာဉ်ထိန်းတပ်ဖွဲ့စု ရဲအုပ် သန်းနိုင်ရွှေဦးစီးအဖွဲ့၊ ကော့ကရိတ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇော်နိုင်ဦးစီးအဖွဲ့တို့ဖြင့် သွားရောက်စစ်ဆေးရာ အာရှလမ်း အတိုင်းယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် 5D/--- (၂၂)ဘီး အဖြူရောင်၊ တွဲကားပေါ်တွင် ဘတ်ဖိုးယာဉ်အား တင်ဆောင်၍မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာစဉ် ကီလိုမီတာ(၁၅၄)နှင့်(၁၅၅)အကြား၊နတ်စင်ကွေ့အနီးအရောက်တွဲယာဉ်ပေါ်တင်ဆောင်လာသောဘတ်ဖိုးယာဉ်မှာလမ်း၏၀ဲဘက်ချောက်အတွင်းထိုးကျသွားကာယာဉ်မှာအရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့် ကန်တာယာဉ်တစ်စီးအား ပွတ်တိုက်၍ ပက်လက်လန်အနေ အထားဖြင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် တွဲယာဉ်ပေါ်လိုက်ပါလာသူမျိုးမင်းအောင်၊ ၂၀နှစ်၊လှမင်းသော်၊ ၃၅နှစ်၊အမည်နေရပ်စုံစမ်းဆဲ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် အပါအ၀င် စုစုပေါင်း(၄)ဦးမှာ ခန္ဓာကိုယ်ပိပြား/ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးရန်မျိုးအောင်(ခ)မျိုးမြင့်အောင်၊၂၂နှစ်မှာ ယာနားပြတ်ရှ၊ ယာခါးပွန်း၊ ၀မ်းဗိုက်နာကျ/ပွန်းခြစ်၊ ၀ဲ/ယာခြေသလုံးပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးကော့ကရိတ်မြို့မရဲစခန်းက ဥပဒေနှင့်အညီ ဆက်လက် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တွဲယာဉ်တစ်စီးတိမ်းမှောက် (၄)ဦး သေဆုံး တစ်ဦးဒဏ်ရာ အပြင်းအထန်ရ တွဲယာဉ်တစ်စီးတိမ်းမှောက် (၄)ဦး သေဆုံး တစ်ဦးဒဏ်ရာ အပြင်းအထန်ရ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.