မြောက်ဦးမှာ ရခိုင်အချုပ်အာဏာကျဆုံးခြင်း အခမ်းအနား မလုပ်ရသည့်အပေါ် လူထုအုံကြွလာ၍ အခမ်းအနားကို ပိတ်သိမ်းလိုက်ရ

မြောက်ဦးမှာ ရခိုင်အချုပ်အာဏာကျဆုံးခြင်း အခမ်းအနား မလုပ်ရသည့်အပေါ် လူထုအုံကြွလာ၍ အခမ်းအနားကို ပိတ်သိမ်းလိုက်ရ (ဓါတ်ပုံသတင်း)
မြောက်ဦး၊ ဇန်နဝါရီ ၁၆

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ၀မ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် ယနေ့ ပြာသိုလကွယ်နေ့တွင် ကျင်းပခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် လူထုအုံကြွမှုဖြစ်ပြီး အခမ်းအနားကို ပိတ်သိမ်းလိုက်ရကြောင်း ပွဲကျင်းပရေးကော်မတီတစ်ဦးထံမှ သိရသည်။

အခမ်းအနားကို ကျင်းပနေစဉ်တွင် လူထုတချို့က အောင်ရမည်၊ လုပ်နိုင်ရမည်ဟုဆိုပြီး အော်ဟစ် ကြွေးကြော်ရာကနေစပြီး လူထုအုံကြွမှုဖြစ်ပွားခဲ့ဟု ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ကိုကျော်သိန်းထွန်းက ပြောသည်။

လက်ရှိအချိန်အထိ လူထုမှာ လျော့နည်းလာခြင်းမရှိဘဲ တိုးလာသည်မှာ လူထုအင်အား တစ်ထောင်ဝန်းကျင်အထိ ဖြစ်လာပြီဟု ၄င်းကဆိုသည်။

ပွဲကျင်းပရေးကော်မတီအနေဖြင့် ယခုလိုဖြစ်ပေါ်လာရခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်များကို ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း၊ ၀မ်းနည်းစွာဖြင့် ပွဲကိုရပ်စဲလိုက်ရကြောင်း ကိုကျော်သိန်းထွန်းက ပြောသည်။

ဓါတ်ပုံ - စစ်ငြိမ်း၊ DMG
ချမ်းအေး၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
မြောက်ဦးမှာ ရခိုင်အချုပ်အာဏာကျဆုံးခြင်း အခမ်းအနား မလုပ်ရသည့်အပေါ် လူထုအုံကြွလာ၍ အခမ်းအနားကို ပိတ်သိမ်းလိုက်ရ မြောက်ဦးမှာ ရခိုင်အချုပ်အာဏာကျဆုံးခြင်း အခမ်းအနား မလုပ်ရသည့်အပေါ် လူထုအုံကြွလာ၍ အခမ်းအနားကို ပိတ်သိမ်းလိုက်ရ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.