မြန်မာ အိမ်ဖေါ်တဦးကို နှိပ်စက်ညှင်းပန်းမှုအတွက် စင်္ကာပူနိုင်ငံသား ဇနီးမောင်နှံကို စွဲချက် ၆ ခုနဲ့ ဂျန်နဝါရီ ၈ ရက်နေ့က စတင်ပြီး စစ်ဆေးနေပြီလို့ သိရပါတယ်။
အသက်၂ဝရှိ မြန်မာအိမ်ဖေါ် မဖြူဖြူမာ ကို ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း အဲဒီ စင်္ကာပူနိုင်ငံသား Lim Toon Leng လင်မ်တွန်းလန်းဆိုသူက လက်သီးနဲ့ထိုးခဲ့သလို သူ့ဇနီး Linda လင်ဒါ ကလည်း ကြမ်းတိုက်ဆေးကို ရေနဲ့ရောစပ်ပြီး အဓမ္မသောက်ခိုင်းခြင်း၊ ရေနွေးပူနဲ့ လောင်းခြင်း၊ ဆံပင်တွေ ကျွတ်ကုန်တဲ့အထိ ဦးခေါင်းကို လှုပ်ခါဆွဲရမ်းခြင်းတွေ ပြုမူခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ရှင်ဇနီးမောင်နှံဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၇၅ဝဝ အထိ ချမှတ်ခံရနိုင်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မြန်မာအိမ်ဖေါ်ကို စင်္ကာပူမှာ ကြမ်းတိုက်ဆေး သောက်ခိုင်း
Reviewed by THITHTOOLWIN
on
06:56
Rating:
