ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူုးမြို့နယ် ကညွတ်ကွင်းမြို့မှာ ဇန်နဝါရီ(၈) ရက် နံနက် (၁)နာရီခွဲခန့်က (၁၂)ဘီးယာဉ်နဲ့ ဆိုင်ကယ်တိုက်မိရာက အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်မှာ ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ HONDA WAVE ဆိုင်ကယ်ဟာ မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်က မောင်းနှင်လာတဲ့ အပြာရောင် FUSO (၁၂)ဘီး ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
အဲဒီလို ၀င်ရောက်တိုက်မှုကြောင့် ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာသူဟာ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံအရောက် သေဆုံးသွားခဲ့ကာ ဆိုင်ကယ်မောင်းနှင်သူကတော့ စိုးရိမ်ရတဲ့ အတွင်းလူနာအဖြစ် ဆေးကုသမှူခံယူနေရတယ်လို့ သိရပါတယ်။
ဆိုင်ကယ်ကတော့ ကျိုးပဲ့ပျက်စီးသွားခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူယာဉ်မောင်းကို ကညွတ်ကွင်းနယ်မြေရဲစခန်းက ယာဉ်(ပ)၂/၂၀၁၈ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၀၄-ကနဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း) က ပေးပို့တာပါ။
Central News Bureau
https://www.facebook.com/skynetcnb
(၁၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာမှ လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:37
Rating:
