တောင်ကိုရီးယားနိုင်ငံကို ခုတ်မောင်းသွားတဲ့ အီရန်နိုင်ငံက ရေနံတင်သင်္ဘောတစင်းနဲ့ ဟောင်ကောင် က ကုန်တင်သင်္ဘောတစီး တို့ တရုတ်ပြည် အရှေ့ပိုင်း ပင်လယ်ပြင်မှာ တိုက်မိတာကြောင့် ရေနံစိမ်းတွေ ယိုဖိတ်မီးလောင်ပြီး သင်္ဘောသား ၃၂ဦးပျောက်ဆုံးနေပါတယ်။
ရေနံတင်သင်္ဘောဟာ လောင်စာဆီ တန်ချိန် တသိန်း သုံးသောင်းကျော် တင်လာတာဖြစ်ပြီး ကုန်တင် သင်္ဘော နဲ့ စနေနေ့ ညပိုင်းက တိုက်မိခဲ့တာဖြစ်တယ်လို့ တရုတ်သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဆီတင်သင်္ဘောပေါ်က ပျောက်ဆုံးနေတာ အီရန်သင်္ဘောသား ၃၀ နဲ့ ဘင်္ဂလာဒေ့ခ်ျ သင်္ဘောသား ၂ဦးတို့ ဖြစ်ပါတယ်။
ကုန်တင်သင်္ဘောကတော့ အပျက်အစီးသိပ်မရှိဘဲ ရေထဲကို ကျသွားတဲ့ တရုတ်သင်္ဘောသား၂၁ဦး ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ် ဟာ ရှန်ဟိုင်းမြို့အရှေ့ဘက် ရေမိုင် ၁၆၀ အကွာမှာဖြစ်ပွားခဲ့တာပါ။
Photo credit: AFP
RFA Burmese
https://www.facebook.com/rfaburmese
ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘော တိုက်၊ လူ ၃၂ ဦးပျောက်ဆုံး
Reviewed by THITHTOOLWIN
on
06:58
Rating:
