ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မောင်းနှင်သည့် ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ယာဉ်မောင်းနှစ်ဦးကို အမှုဖွင့်စစ်ဆေးနေ


ရန်ကုန် ဇန်နဝါရီ ၅

စဥ့်ကူးမြို့နယ် စဥ့်ကူး-လက် ပန်လှသွားကားလမ်းမိုင်တိုင်(၃/၁) အနီးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်မောင်းနှင်သည့် ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ၍ယာဉ်မောင်းနှစ်ဦးကိုပုဒ်မသုံးခုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်က ကောင်းထက် (၁၆နှစ်) မောင်းနှင်ပြီး ဖခင်ဖြစ်သူ ဦးနိုင်ဝင်း (၅၂နှစ်) လိုက်ပါလာ သည့် ဆိုင်ကယ်သည် ချိုင့်ခွက် အားတိမ်းရှောင်စဉ် တစ်ဖက်ယာဉ် ကြောမှ ဒေါက်တာ ဇော်ဝင်းမြင့် (၅၉နှစ်) မောင်းနှင်လာသည့် 6L/---- Toyota Belta ယာဉ်နှင့် မျက် နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် ဦးနိုင် ဝင်းတွင် မေးစေ့၊ ဝဲဖနောင့်ပေါက် ပြဲ၊ရင်ဘတ်ဖူးရောင်ဒဏ်ရာများရရှိ ကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ ပြီး ကောင်းထက်တွင်ပွန်းပဲ့ဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သည်။

 ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါက်တာ ဇော်ဝင်းမြင့်နှင့် ကောင်းထက်တို့ နှစ်ဦးအား လက်ပန်လှ ရဲကင်း စခန်းမှ ယာဉ်(ပ)၁/၂ဝ၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃ဝ၄-က/ ၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေ မှု/ ပြင်းထန်/သာမန် နာကျင်စေ မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ဒါကို၊ ကျော်ကျော်(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မောင်းနှင်သည့် ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ယာဉ်မောင်းနှစ်ဦးကို အမှုဖွင့်စစ်ဆေးနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မောင်းနှင်သည့် ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ယာဉ်မောင်းနှစ်ဦးကို အမှုဖွင့်စစ်ဆေးနေ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.