သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၌ စုပြုံအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဇန်နဝါရီ ၂

သင်္ဃန်းကျွန်းမြို့နယ် ကြီး ပွားရေးရပ်ကွက်၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂ ရက်နေ့ ယနေ့ နံနက် ၃ နာရီ ခန့်က သင်္ဃန်းကျွန်းမြို့နယ် ကြီး ပွားရေးရပ်ကွက် မြယမုံ (၄) လမ်း လမ်းသွယ်(၂)နေဒေါ်မင်းမင်းဇော် (ခ)ဒေါ်မြခြယ်ဇော်(၃၇နှစ်)၏ ပေ(၄ဝx၆ဝ) ခြံဝင်းအတွင်းရှိ ပေ (၃ဝx၃ဝ) RC နှစ်ထပ်တိုက်၊ အပေါ်ထပ်ဧည့်ခန်းအတွင်း တီဗွီ စင်အနောက်ရှိ မီးပလတ်ခုံတွင် တယ်လီဖုန်း၊ လက်ဆွဲမီးအိမ်၊ တီဗွီကြိုးများစုပုံ၍ အားသွင်း ထားရာမှ အပူလွန်ကဲပြီး အနီးရှိ စာအုပ်စင်သို့ မီးကူးစက်လောင် ကျွမ်းခြင်းဖြစ်သည်။

 အဆိုပါ မီး လောင်မှုကြောင့် ငွေကျပ် ၃၅ သိန်း တန်ဖိုးရှိ ပေ(၃ဝx၃ဝ) ပေRC နှစ်ထပ်တိုက်အတွင်းရှိ အပေါ် ထပ်ဧည့်ခန်းမှမျက်နှာကြက်များ၊ စာအုပ်စင်၊ တီဗွီနှစ်လုံး၊ အဲကွန်း တစ်လုံး၊ ဖုန်းနှစ်လုံး၊ 5 Movie နှင့် အဝတ်အစားအနည်းငယ် မီး လောင်ခံရကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ပိုင်ရှင် ဒေါ်မင်းမင်းဇော်(ခ)ဒေါ်မြ ခြယ်ဇော် အားသင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ)၆/၂ဝ၁၈/ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားရှိ ကြောင်း သိရသည်။

မောင်စိန်ဝင်း
The Union Daily
https://www.facebook.com/uniondaily.net
သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၌ စုပြုံအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၌ စုပြုံအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.