ရန်ကုန် ဇန်နဝါရီ ၇
၂ဝ၁၇ခုနှစ် သြဂုတ် ၂၅ ရက် မှစတင်ကာ ရခိုင်ပြည်နယ်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြု လုပ်ခဲ့သည့် ARSA အဖွဲ့၏ သတင်းထုတ်ပြန်ချက်တစ်ရပ် အတွင်း၌ ရခိုင်ပြည်နယ်ရှိ မွတ် စလင်များကိုကာကွယ်ရန်အတွက် တိုက်ခိုက်မှု ပြုလုပ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာနည်းလမ်းမရှိ ဟု ဖော်ပြခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီလ ၇ ရက်နေ့ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သော သတင်းထုတ်ပြန်ချက်အတွင်း ၌ ARSA အဖွဲ့သည် ရခိုင်ပြည် နယ်မြောက်ပိုင်းရှိ မွတ်စလင်များ အား ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းလျက်ရှိရာတွင် မြန်မာ အစိုးရက ကြီးမားသည့်အင်အား ဖြင့် တုံ့ပြန်လျက်ရှိသောကြောင့် တိုက်ခိုက်မှုပြုလုပ်သည့်နည်းလမ်း မှလွဲ၍ အခြားရွေးချယ်စရာမရှိ ကြောင်း ရေးသားဖော်ပြထား ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ သတင်းထုတ်ပြန်ချက်အား ARSA အဖွဲ့ခေါင်းဆောင် အေတာယူ လက်ခ်ျကိုယ်တိုင် လက်မှတ်ရေး ထိုးထားကြောင်း အတည်ပြုနိုင် ခဲ့သည်။
ထို့အပြင် ယခုလ ၅ ရက်က မြန်မာ့တပ်မတော်ပိုင် စစ် ဘက်သုံးယာဉ်တစ်စီးအား တိုက် ခိုက်ခဲ့ကြောင်းလည်း ARSA အဖွဲ့ က အတည်ပြုခဲ့သည်။ သြဂုတ် ၂၅ ရက်တွင် စတင်ပြုလုပ်ခဲ့သည့် ARSA အဖွဲ့၏ တိုက်ခိုက်မှုများ ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် မတည်ငြိမ်မှုများဖြစ်ပွားခဲ့ ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သို့ ထွက်ပြေးတိမ်းရှောင်မှုများ လည်း ဖြစ်ပွားခဲ့သည်။
NG
The Union Daily
https://www.facebook.com/uniondaily.net
တိုက်ခိုက်မှုများ ပြုလုပ်ခြင်းမှလွဲ၍ ရွေးချယ်စရာမရှိဟု ARSA အဖွဲ့ခြိမ်းခြောက်
Reviewed by THITHTOOLWIN
on
19:29
Rating:
