ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထား


နေပြည်တော် ဇန်နဝါရီ ၁၆

Arakan Rohingya Salvation Army (ARSA) အကြမ်းဖက် အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေး တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ARSA အကြမ်းဖက်သမားများအား ၁၉၈၀ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်နှင့်အညီ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားနိုင် ရန်အတွက် ပြန်လည်လွှဲပြောင်းပေးရန် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အကြောင်းကြားထားပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

Information Committee
https://www.facebook.com/InfomationCommittee





ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထား ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထား Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.