တောင်ပြိုဝဲ-ဘူးသီးတောင်သွား ကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက မိုင်းခွဲတိုက်ခိုက်


နေပြည်တော် ၊ ဇန်န၀ါရီ - ၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသတွင် ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ် ခြံစည်းရိုးစီမံကိန်းဆောင်ရွက်နေသော လုပ်ငန်းမှ ဦးအောင်ခိုင်ဝင်း မောင်းနှင်လာသည့် လီဖန်းအမျိုးအစား Tipper ယာဉ်အမှတ်၊ 9M/--------- သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းတွင် တောင်ပြိုဝဲမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာစဉ် နံနက် ၁၀ နာရီခန့်၌ တောင်ပြိုဝဲ-ဘူးသီးတောင် ကားလမ်းပေါ်ရှိ ကြိမ်ချောင်း ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့် အကွာသို့ရောက်ရှိစဉ် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးခန့်က လက်လုပ်မိုင်း ၁ လုံးဖြင့် မော်တော်ယာဉ်အား ဖောက်ခွဲခဲ့ပြီး လုပ်သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားလမ်း၏တောင်ဘက်သို့ အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသ လျက်ရှိသည်။

ဖြစ်စဉ်နေရာအနီးပတ်ဝန်းကျင်အား မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ အသေးစိတ် ဆောင်ရွက်ခဲ့ရာ နေ့လယ်ပိုင်းတွင် ဓာတ်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးနှင့် ခဲပတ်စက္ကူ ဖြင့် ထုပ်ထားသော အလျား ၆ လက်မ၊ အနံ ၅ လက်မခန့်ရှိ လက်လုပ်မိုင်း ၁ လုံး၊ ဘတ္ထရီပတ် ၂ ခုတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
တောင်ပြိုဝဲ-ဘူးသီးတောင်သွား ကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက မိုင်းခွဲတိုက်ခိုက် တောင်ပြိုဝဲ-ဘူးသီးတောင်သွား ကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက မိုင်းခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.