![]() |
ABSDF ရဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးအကြို လူထုဆွေးနွေးပွဲကို ပဲခူးမြို့မှာ ၂ဝ၁၈ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က ကျင်းပစဉ်။ Photo: Thant Zin Htet/RFA |
အခုလို အာဏာပိုင်တွေက ဟန့်တားတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သွေဖီနေတာ ဖြစ်တယ်လို့ ပဲခူးတိုင်း အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Peace Network က ဦးဇေယျာ က ပြောပါတယ်။
"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေရောပေါ့နော်၊ UPDJC အောက်မှာပဲဖြစ်ဖြစ် NCA အောက်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေအားလုံးကိုယ်တိုင် ပြည်သူကို အသိပညာပေးဖို့လုပ်နေတယ်၊ နောက်ကျတော့ ကျနော်တို့ မြို့နယ်အလိုက်က အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေ အားလုံးကို ၂၁ ပင်လုံနဲ့ပတ်သက်ပြီးတော့ မူဝါဒတွေကိုပေါ့နော် အဖွဲ့လိုက်ဆွေးနွေးနေတဲ့ လုပ်ငန်းစဉ်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒီလို တင်းကြပ်တာတို့၊ ဒီလို ဟန့်တားမှုတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ရင် သွားပြီးတော့ပေါ့နော် သွေဖယ်တယ်လို့မြင်ပါတယ်ခင်ဗျ"
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပေါ်မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပ မယ့်ဆွေးနွေပွဲကို တရားဝင်ခွင့်ပြုချက်မရပေမဲ့ ဆက်ပြီးကျင်းပနေတယ်လို့ ပြောပါတယ်။
အဲဒီ လူထုတွေ့ဆုံပွဲကို ပဲခူးတိုင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပါ ပူပေါင်းပြီး ပဲခူးမြို့မှာ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေသလို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပဲခူးမြို့ပေါ်မှာ ပထမဆုံးအကြိမ်ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာလည်း ပဲခူးတိုင်းက ပြည်မြို့၊ တောင်ငူမြို့နယ်တွေမှာ ကျင်းပစဉ်က ခွင့်ပြုချက်တောင်းခံဖို့ မလိုဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ABSDF ရဲ့ ပဲခူးက လူထုတွေ့ဆုံပွဲ ဟန့်တားခံရ
Reviewed by THITHTOOLWIN
on
21:29
Rating:
